“မေရီမြင့်” စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင် နှင့် ဆိုင်အကူတို့အား အကြမ်းဖက် PDF များက သတ်ဖြတ်


(ပြည်တွင်း) ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာအနီးရှိ “မေရီမြင့်” စက်သုံးဆီအရောင်းဆိုင်တွင် ပိုင်ရှင်ဖြစ်သူနှင့် ဆိုင်အကူအမျိုးသမီး တစ်ဦး တို့အား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ညောင်ဦးမြို့နယ် “မေရီမြင့်” စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်ဖြစ်သူ ဒေါ်ရီရီမြင့်၊ ၆၁ နှစ်၊(ဘ)ဦးစိုးညွန့်၊ မီးလောင်ဖျား (မြောက်)ကျေးရွာ၊ ညောင်ဦးမြို့ နယ်နေသူသည် အဖော်ဖြစ်သူ ဒေါ်ချောစု၊ လွတ်လပ်ရေးရပ်၊ အမှတ်(၄)ရပ်ကွက်၊ ချောက်မြို့၊ မကွေးတိုင်းဒေသကြီး နေသူနှင့်အတူ စက်သုံးဆီအရောင်းဆိုင်တွင်ရှိနေစဉ် အကြမ်းဖက် PDF ၇ ဦးသည် စက်သုံးဆီဆိုင် တောင်ဘက်မှရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေါ်ရီရီမြင့် တွင် ဦးခေါင်းနောက်စေ့ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဒေါ်ချောစုတွင် ဦး ခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ယာ-မေးရိုးဖောက်ဝင် ဒဏ် ရာ ၁ ချက်တို့ အသီးသီးရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN