(ပြည်တွင်း) ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာအတွင်းရှိ အကြမ်းဖက် PDF များရောက်ရှိခိုအောင်းနေသော နေရာများအား တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာအတွင်းရှိ နေအိမ်အချို့တွင် အကြမ်းဖက် PDF ၃၀၀ ဦးခန့် စုဖွဲ့နေထိုင်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ တပ်မတော်လေမှလေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် သားကျင်ကျေးရွာရှိ အကြမ်းဖက် PDF များ စုဖွဲ့နေထိုင်သည့် နေရာများ မီးလောင်ပျက်စီးသွားခဲ့ပြီး အကြမ်းဖက် PDF ၂ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။
၎င်းအကြမ်းဖက် PDF များသည် အင်အားစုဖွဲ့ပြီးပါက ငါန်းဇွန် /ငါန်းမြာ လုံခြုံရေးစခန်းများကို တိုက်ခိုက်ရန် စီစဥ်နေခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့အရ သိရသည်။
Telegram»…
https://t.me/positiveanglenews