စားသုံးရန်မသင့်သော အစားအသောက် ၂၁ မျိုး အသိပေးကြေညာ


(ကျန်းမာရေး) ဒီဇင်ဘာ ၆

ဈေးကွက်များတွင် ရောင်းချလျက်ရှိတဲ့ အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူ စစ်ဆေးရာ စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်မပြု ဆိုးဆေးများ ပါဝင်နေမှုနှင့် ခွင့်ပြုအစား အသောက်ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားသည်ကို တွေ့ရှိရပြီး အဆိုပါ အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များပျက်စီးခြင်းနှင့် ကင်ဆာ ရောဂါများ ဖြစ်ပွားစေနိုင်ခြင်းတို့ကြောင့် စားသုံးခြင်းမပြုရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အများပြည်သူသိရှိရန် အသိပေးကြေညာထားပါတယ်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြု အစားအသောက်ဖြည့်စွက်ပစ္စည်းများ ကိုသာ သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်အသိပေးထားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN