ဒီဇင်ဘာလ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့တွင် ထိုင်းကုန်စည်ပြပွဲ ကျင်းပမည်


(ပြည်တွင်း) နိုဝင်ဘာ ၂၄

မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားလိပ်ဟိုတယ်အတွင်းရှိ Yangon Convention Center (YCC) တွင် ဒီဇင်ဘာလ ၆ ရက်မှ ၈ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါပြပွဲတွင် ထိုင်းနိုင်ငံမှ စားသောက်ကုန်၊ ဖက်ရှင်နဲ့အလှကုန်၊ ပရိဘောဂနဲ့ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၊ အိမ်ရာပြပွဲနဲ့ EV ကားပြပွဲများ၊ ဆေးရုံနဲ့ပညာရေးဆိုင်ရာကဏ္ဍမျိုးစုံကို ဆိုင်ခန်းပေါင်း ၁၃၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြပွဲအတွင်း အထူးပရိုမိုးရှင်း Discount၊ Lucky Draw နဲ့ Giveway အစီအစဥ်ပေါင်းများစွာတို့ကို ထည့်သွင်းထားရှိပြီး ပြပွဲချိန် နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မည်သူမဆို(အခမဲ့)ဝင်ရောက် လေ့လာနိုင်မှာဖြစ်ပါတယ်။

ထိုင်းကုန်စည်ပြပွဲကို ရန်ကုန်မြို့တွင် တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြုလုပ်နိုင်ရန်စီစဥ်နေပြီး ရန်ကုန်အပြင် အခြားမြို့ကြီးများဖြစ်တဲ့ မန္တလေးမြို့နဲ့ တောင်ကြီးမြို့တို့မှာလည်း ကျင်းပနိုင်ရန် စီစဥ်နေကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN