(ပြည်တွင်း) နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၉ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသ ကြီးဝန်ကြီးများ၊ ဦးစီးကော်မတီနှင့်ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသအသီးသီးမှ တောင်သူများတွေ့ကြုံနေရသည့် လုပ်ငန်းဆိုင်ရာ လက်တွေ့လုပ်ဆောင်နေရတဲ့ အခြေအနေများနှင့် ဗဟုသုတများကို အချင်းချင်းအပြန်အလှန်မျှဝေကြရင်း တစ်ဦး တစ်ယောက်အခက်အခဲကို ဝိုင်းဝန်းကူညီအဖြေရှာခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် အားလုံးပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ဦးစီးကော်မတီနှင့်ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှီးနှောဖလှယ်ပွဲကို နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းမှာ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာ သီရိအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
#PAN