တတိယအကြိမ်မြောက် လေးချီအလဲထိုးစနစ်နဲ့ မျိုးဆက်သစ် မြန်မာ့‌ဘောက်ဆင်ပြိုင်ပွဲကျင်းပမည်


(အားကစား) နိုဝင်ဘာ ၂၀

Myanmar Boxing Commission က ကြီးမှူးကျင်းပမည့် တတိယအကြိမ်မြောက် မျိုးဆက်သစ် မြန်မာ့‌ဘောက်ဆင်ပြိုင်ပွဲမှာ လေးချီအလဲထိုးစနစ်ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း ကျင်းပပြုလုပ်ရန် ကနဦးစီစဉ်ထားပြီး၊ မျိုးဆက်သစ်တွဲဆိုင်း ၆ ဆိုင်းပါဝင်မည်ဖြစ်ကာ ဝိတ်တန်း သုံးတန်း သတ်မှတ်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။

သတ်မှတ်ဝိတ်တန်းများအရ ၅၀ ဒသမ ၈ ကီလို၊ ၅၇ ဒသမ ၁၅ ကီလိုနှင့် ၅၉ ကီလိုတန်းများ ထည့်သွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ မျိုးဆက်သစ် ကစားသမားများ လျှောက်လွှာတင်ရာမှာ အရည်အချင်း သတ်မှတ်ချက်အနေနဲ့ Gym (သို့မဟုတ်) Club တစ်ခုခုမှာ အနည်းဆုံး တစ်နှစ်ကစားနေပြီး ပွဲအတွေ့အကြုံ အနည်းငယ်ရှိရမည်ဖြစ်ကာ Gym (သို့မဟုတ်) Club ၏ နည်းပြထံမှ ထောက်ခံချက်ပါရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်ခွင့်အတွက် အသေးစိတ်သိရှိလိုပါက Myanmar Boxing Commission Facebook Page Messenger မှလည်းကောင်း ဖုန်းနံပါတ် 09253148277 ရဲ့ Viberမှ လည်းကောင်း စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN