(မှုခင်း) နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ (၅၅) လမ်းနှင့် (၅၄) လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် သက်ဆိုင်ရာ နယ်မြေခံ မီးသတ်စခန်းများမှ သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။
မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်း၊ ထွန်တုံးရပ်ကွက် အရန်မီးသတ်စခန်း ၊ အောင်ပင်လယ်အရန် မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၂)စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်မှု အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews