မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်


(ပြည်တွင်း) နိုဝင်ဘာ ၈

၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်တဲ့ “အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများခေါင်းဆောင်နိုင်မှု မြှင့်တင်ပေး” (Amplifying the leadership of persons with disabilities for an inclusive and sustainable future) ခေါင်းစဉ်ဖြင့် ဆောင်းပါးပါဝင်ယှဉ်ပြိုင်လိုသူများအား ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။

ဆောင်းပါးများရေးရာတွင် မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာလှုပ်ရှားဆောင်ရွက်မှု များ၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ပေါ်ပေါက်လာပုံ၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ကျင်းပရသည့် ရည်ရွယ်ချက်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ဖော်ပြပါရှိသော တန်းတူအခွင့် အရေးများ၊ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များ၊ မသန်စွမ်းသူများကြုံတွေ့နေရသည့် အတားအဆီးတို့နှင့် စပ်လျဉ်း၍ထင်မြင်ယူဆချက်(ဥပမာ-မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း အများနည်းတူနေထိုင်ရှင်သန်နိုင်ရေး အတွက် ကြုံတွေ့နေရတဲ့ အခြေခံအဆောက်အဦဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများ၊ မသန်စွမ်းသူများ အပေါ် ၎င်းအတားအဆီးတို့၏ အကျိုးသက်ရောက်မှုနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင်၏အဓိပ္ပာယ်)၊ မသန်စွမ်း သူများ၏ အခွင့်အရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်များ SDGs နှင့် ချိတ်ဆက်နေကြောင်း ရှင်းလင်းတင်ပြချက်စတဲ့ အချက်အလက်များနှင့် အကြုံပြုချက်များ စွာကို ထည့်သွင်းရေးသားရမှာဖြစ်ပါတယ်။

သတ်မှတ်ချက်အနေနဲ့ ပြိုင်ပွဲဝင်ဆောင်းပါးကို ကွန်ပျူတာစာစီရာတွင် Pyidaungsu Font 13၊ ဖြင့် A4 ၄ မျက်နှာထက် မပိုစေရဘဲ လက်ရေးစာမူဖြစ်ပါက A4 ၆ မျက်နှာထက် မပိုစေရဘဲ ရေးသား၍ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆောင်းပါးများကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ ဖုန်း ၀၆၇-၃၄၀၄၆၀၃၊ ၀၆၇-၃၄၀၄၆၀၄ နှင့် [email protected] တို့ထံ နိုဝင်ဘာလ ၁၄ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပါတယ်။

ပေးပို့လာသည့်စာမူများကို ဆောင်းပါး(စာမူ)စိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ရွေးချယ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု များအား ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN