မာခ့်ကာဆာဒို ကို ယူရို သန်း ၁၀၀ ရရှိပါက ရောင်းချသွားဖွယ်ရှိတဲ့ ဘာစီလိုနာအသင်း


(အားကစား) နိုဝင်ဘာ ၇

ဘာစီလိုနာအသင်းက ကွင်းလယ်ကစားသမား မာ့ခ်ကာဆာဒို အား ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ရရှိပါက ရောင်းချသွားဖွယ်ရှိနေပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားကို လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေပါတယ်။

ကွင်းလယ်ကစားသမား မာ့ခ်ကာဆာဒို ဟာ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၂၂-၂၀၂၃ မှ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၈ ပွဲ ကစားထားသလို အနာဂတ်တွင် ထွန်းတောက်လာမည့် ကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခြင်းခံထားရတာ ဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးလ်အသင်းက ဘာစီလိုနာအသင်း အလိုရှိတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ပေးချေပြီး မာ့ခ်ကာဆာဒို အား ခေါ်ယူသွားနိုင်မည်လားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN