(နိုင်ငံတကာ) နိုဝင်ဘာ ၄
နိုင်ဂျီးရီးယားတွင် လူနေမှုစရိတ်အကျပ်အတည်းကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် လူငယ် ၂၉ ဦး သေဒဏ်ချမှတ်ခံရဖွယ်ရှိကြောင်းသိရသည်။
ဆန္ဒပြလူငယ်များသည် စာရွက်စာတမ်းများအရ အသက် ၁၄ နှစ်မှ ၁၇ နှစ်ကြား အရွယ်ရှိသည့် လူငယ်များဖြစ်ကြောင်းသိရသည်။
စံချိန်တင် လူနေမှုစရိတ်အကျပ်အတည်းအား ဆန္ဒပြခဲ့သည့် လူပေါင်း ၇၆ ဦးအား နိုင်ငံတော်ပုန်ကန်မှု၊ ပြည်သူပိုင်ပစ္စည်များ ဖျက်ဆီးမှု၊ လူထုနှောင့်ယှက်မှုများအပါအဝင် ရာဇဝတ်မှု ၁၀ မှုဖြင့် စွဲချက်တင်ခံထားရကြောင်းသိရသည်။
အဆိုပါ ဆန္ဒပြပွဲများတွင် လူပေါင်း ၂၀ ထက်မနည်း ပစ်သတ်ခံခဲ့ရပြီး ရာနှင့်ချီ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
နိုင်ဂျီးရီးယားနိုင်ငံတွင် သေဒဏ်ပေးမှုကို ၁၉၇၀ ပြည့်နှစ်လွန်နောက်ပိုင်းတွင် စတင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီး ယခုအခါပြန်လည် ကျင့်သုံးဖွယ်ရှိကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews