ရန်ကုန် – မန္တလေး အမြန်လမ်း တိုးဂိတ်အနီးတွင် ယာဉ် (၅)စီး ဆင့်တိုက်ပြီး ၁ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရ

(ပြည်တွင်း)နိုဝင်ဘာ ၃

      ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်း တိုးလ်ဂိတ်အနီးတွင်ယနေ့နံနက်ပိုင်းက ခရီးသည်တင် Express ယာဉ်အပါဝင် ယာဉ် (၅)စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    နံနက် ၄ နာရီ ၅၄ မိနစ်အချိန်ခန့်က  ရန်ကုန်-မန္တလေး အမြန်လမ်း တိုးဂိတ်အနီးတွင် ယာဥ်တိုက်မှုကြောင့် လူညပ်နေကြောင်းသတင်းအရ လှည်းကူးမြို့နယ် မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ခဲ့ကြောင်း သိရသည်။ 

       အဆိုပါ ယာဥ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ် တစ်စီးပေါ်မှ အမျိုးသမီး ၁ဦး သေဆုံးခဲ့ပြီး အမျိုး သား ၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။သေဆုံးသူ ရုပ်အလောင်းအား Medical လူငယ်အသင်းပိုင် သူနာတင်ယာဉ်ဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN