အမေရိကန် ရွေးကောက်ပွဲမတိုင်မှီ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ခဲ့ကြောင်း မြောက်ကိုးရီးယားပြော


(နိုင်ငံတကာ) အောက်တိုဘာ ၃၁

အမေရိကန် ရွေးကောက်ပွဲမတိုင်မှီ ကြာသပတေးနေ့ နံနက်ပိုင်းက တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း မြောက်ကိုးရီးယားက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒုံးကျည်စမ်းသပ်မှုသည် မြောက်ကိုးရီးယားဒုံးကျည်စမ်းသပ်မှုများတွင် ပျံသန်းချိန် အကြာရှည်ဆုံးဖြစ်ခဲ့ကြောင်းသိရသည်။

တောင်ကိုးရီးယားနှင့် ဂျပန်ထောက်လှမ်းရေးများက အဆိုပါဒုံးကျည်မှာ ICBM ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။

ဒုံးကျည်သည် အမြင့်ပေ ၇,၀၀၀ ကီလိုမီတာ (မိုင် ၄,၃၅၀) တွင် နံ ၈၆ မိနစ်ခန့် ပျံသန်းခဲ့ပြီး ဟော့ကိုင်းဒိုးမြောက်ပိုင်းရှိ Okushiri ကျွန်းအနောက်ဘက် ပင်လယ်ထဲသို့ ကျရောက်ခဲ့ကြောင်း ဂျပန်အာဏာပိုင်များက ဆိုသည်။

“ပျံသန်းချိန်က အရှည်ဆုံးပါ။ ဒုံးကျည်အသစ်လည်း ဖြစ်နိုင်ပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် နာကာတာနီက ပြောကြားခဲ့သည်။

ဒုံးကျည်ပစ်လွှတ်မှုသည် ကမ္ဘာ့အင်အားအကြီးဆုံး ဗျူဟာမြောက် ကာကွယ်ရေးကဏ္ဍ၏ ခေတ်မီမှုနှင့် ယုံကြည်စိတ်ချရမှုကို ပြသခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့ ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ဒုံးကျည်ပစ်လွှတ်သည့်နေရာ၌ ရှိနေကြောင်းနှင့် အဆိုပါ စမ်းသပ်မှုကို “သင့်လျော်သော စစ်ရေးဆောင်ရွက်မှု” ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN