(အားကစား) အောက်တိုဘာ ၃၀
မန်ယူအသင်းက နည်းပြအဲရစ်တန်ဟက်ဂ်နှင့် လမ်းခွဲပြီးနောက် လစ်လပ်နေတဲ့ အသင်းနည်းပြရာထူးနေရာ အတွက် စပို့တင်းလစ္စဘွန်းအသင်းနည်းပြ ရူဘင်အမိုရင် ကို ခန့်အပ်ရန် သဘောတူညီမှုရခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
အသက် ၃၉ နှစ်အရွယ်သာရှိသေးတဲ့ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်မ် က မန်ယူအသင်းကို ကိုင်တွယ် ရန်အတွက် လိုအပ်တဲ့ ဆွေးနွေးမှုအားလုံးကို ပြုလုပ်ခဲ့ပြီးဖြစ်သလို၊ စပိုတင်းလစ္စဘွန်းအသင်းမှာလည်း နည်းပြသစ် ရာထူးအတွက် ဆက်သွယ်မှုများပြုလုပ်နေပြီးလို့ သိရပါတယ်။
မန်ယူအသင်း က နည်းပြ အမိုရင် ကို ခေါ်ယူရန် အတွက် စပို့တင်းလစ္စဘွန်းအသင်းကို လျော်ကြေးယူရို ၁၀ သန်းပေးချေခဲ့ရတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews