ရုံးစည်ကြီးကျေးရွာ နယ်မြေ ရဲကင်းစခန်းအား အကြမ်းဖက် PDF များမှ လက်နတ်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်


(ပြည်တွင်း) အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ရုံးစည်ကြီးကျေးရွာ၊ နယ်မြေရဲကင်းစခန်းအား အကြမ်းဖက် PDF များမှ လက်နတ်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၃နာရီ ၄၅ မိနစ်အချိန်ခန့်က ရုံးစည်ကြီးကျေးရွာနယ်မြေ ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံ ရေးတာဝန် ဆောင်ရွက်နေစဥ် နယ်မြေရဲကင်းစခန်း၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ လက်ပံတောကျေးရွာဘက်မှ အကြမ်းဖက် PDF အဖွဲ့က လက်နက်ကြီးဖြင့် ၂ ချက် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များမှာ နယ်မြေရဲကင်းစခန်း၏ စခန်းရုံးခေါင်မိုးပေါ် သို့ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် နယ်မြေရဲကင်းစခန်း၊စခန်းရုံးမှ ၂၅×၇ ပေအရွယ် သွပ်အချပ် ၄၀ ၊အမိုးသစ်သား ၁၈ ချောင်း၊ ၁၂×၉ ပေ အုတ်နံရံ ၁ ခန်း ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။။

Telegram»…
https://t.me/positiveanglenews

PAN