မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ ဆုံးဖြတ်ရေးမှာ ရုရှားနိုင်ငံ၏ ကိစ္စရပ်သာဖြစ်ကြောင်း သမ္မတ ပူတင် ပြောကြား

(နိုင်ငံတကာ) အောက်တိုဘာ ၂၆

     မြောက်ကိုရီးယားတပ်များကို အသုံးပြုနိုင်ရေးအတွက် ဆုံးဖြတ်ခြင်းရှိ၊ မရှိမှာ ရုရှားနိုင်ငံ၏ အရေးကိစ္စသာ ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၌ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ရောက်ရှိ နေကြောင်း သတင်းများပေါ်ထွက်နေချိန် ရုရှားသမ္မတ ပူတင်၏ အဆို ပါတုံ့ပြန်ချက် ပေါ် ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

      မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ တပ်ဖွဲ့ဝင် ၃,၀၀၀ အထိ စေလွှတ်ထားမှုနှင့်ပတ်သက်၍ သက်သေအထောက်အထားများ ရရှိထားကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက အောက်တိုဘာလ ၂၃ ရက် တွင် ပြောကြားထားသည်။ ထို့ပြင် အဆိုပါမြောက်ကိုရီးယားတပ်ဖွဲ့ဝင်များအနေဖြင့် ယူကရိန်းစစ်ပွဲ၌ ပါဝင် တိုက်ခိုက်ဖွယ်ရှိကြောင်းလည်း အမေရိကန်တာဝန်ရှိသူများက မှန်းဆထားသည်။

      သို့ရာတွင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကို စစ်ရေးအရ အသုံးချရေးအတွက် ဆုံးဖြတ်ထားခြင်းရှိ၊ မရှိမှာ ရုရှားနိုင်ငံ၏ အရေးကိစ္စသာဖြစ် ကြောင်း ရုရှားသမ္မတ ပူတင် က ရုရှားပြည်တွင်းရုပ်သံဌာနတစ်ခုသို့ ထုတ်ဖော်ပြောကြားထား သည်။ ရုရှားသမ္မတ ပူတင် သည် ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ရောက်ရှိနေမှုသတင်းများကို ငြင်းဆိုထားခြင်းမရှိကြောင်း သိရသည်။

#PAN