စလင်းရေလှောင်တမံရေပိုလွှမှ (၀.၃၀) ပေ ရေကျော်စီးဆင်းလျက်ရှိ


(ပြည်တွင်း) အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုမိုးသည်းထန်စွာရွာသွန်းခဲ့မှုများနှင့် အောက်တိုဘာ(၂၀)ရက်နေ့ညဦးပိုင်း မိုးရွာသွန်းခဲ့မှုများကြောင့် တမံအတွင်းရေဝင်ရောက်မှုတိုးလာကာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ယနေ့နံနက် (၆) နာရီ ရေအမှတ်တိုင်းထွာချက်များအရ ရေပြည့် အမှတ်ထက်(၀.၃၀)ပေ ရေကျော်ကျလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ် ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၇၆၀.၀၀) ပေဖြစ်ပြီး လက်ရှိတမံရေအမှတ်မှာ( ၇၆၀.၃၀)ပေရှိသည့်အတွက် ရေပိုလွှမှ ( ၀.၃၀ ) ပေရေကျော်ကျလျက်ရှိပြီး တမံ၏ ဆက်စပ်အဆောက်အဦများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် တမံအောက်ပိုင်း တစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ နေ့ညမပြတ် ရေကင်းတာဝန်များချထား၍ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိးဆော်မှုများ ဆောင်ရွက်ထားရှိကြောင်း စလင်းမြိုနယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN