ကျောက်ကပ်အတွက်ကောင်းမွန်စေသောအစား အစာများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၁၈

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ကျောက်ကပ်အတွက်ကောင်းမွန်စေသောအစား အစာများအကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ရေက အံ့သြစရာကောင်းတဲ့ ဆေးတစ်မျိုးပါပဲ။ သင့်ကိုပြန်ကျန်းမာလာအောင် လုပ်ပေးနိုင်တဲ့ စွမ်းအင်တွေရှိပါတယ်။ အမျိုးသမီးတွေအတွက် တစ်နေ့မှာ ဖန်ခွက် ၈ခွက်ခန့်သောက်သင့်ပြီး အမျိုးသားတွေကတော့ တစ်နေ့မှာ ၁၃ခွက်ခန့်သောက်သင့်ပါတယ်။ အကောင်းဆုံးကတော့ သင့်ဆရာဝန်က သင့်ရဲ့ကျောက်ကပ်အခြေအနေနဲ့ သင့်ရဲ့တစ်နေ့တာလှုပ်ရှားမှုတွေပေါ်မှုတည်ပြီး သတ်မှတ်ပေးတဲ့ပမာဏကို သောက်တာက ပိုသင့်တော်ပါတယ်။

       ဂေါ်ဖီထုပ်က အရွက်များပြီး phytochemicals ပါဝင်သော အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။ Antioxidants ပါဝင်သော ကြောင့် ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေတဲ့ ဒြပ် ပေါင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒါ ကြောင့် ကင်ဆာဖြစ်ပွားခြင်းအန္တရာယ်ကို လျော့ ကျစေနိုင်ခြင်း၊ နှလုံးသွေးကြောနဲ့ဆိုင်သောရောဂါများနဲ့ ကျောက်ကပ်အလုပ်မလုပ်ဘဲပျက်စီးခြင်းများကို လျော့ကျစေနိုင်ပါတယ်။ ဂေါ်ဖီထုပ်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေ နိုင်တဲ့ဓာတ်တစ်ခုမှကို မပါဝင်ပါဘူး။

       အနီရောင်ငရုပ်ပွမှာ ပိုတက်ဆီယမ်ဓာတ်နည်းပါးတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ သူတို့မှာ ဟင်းပွဲကို အရောင်ကော အရသာကိုကော ရရှိစေနိုင်တဲ့အပြင် vitamins C ၊ B6၊ A၊ folic acid နဲ့ fiber(အမျှင်ဓာတ်) တွေပါဝင်ပါသေးတယ်။ အနီရောင်ငရုပ်ပွမှာ antioxidant lycopene ဓာတ်ပါဝင်ပြီး ထိုဓာတ်က အချို့သော ကင်ဆာရောဂါများကိုတောင် ကာကွယ်နိုင်ပါသေးတယ်။

        ကြက်သွန်နီက သင့်ရဲ့ကျောက်ကပ်လုပ် ဆောင်ချက်တွေကို ထိန်းသိမ်းပေးဖို့ ကူညီပေးနိုင်ပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ flavonoids နဲ့ quercetin ဓာတ်တွေကြောင့် သွေးကြောထဲမှာ အဆီတွေစုပြုံခြင်းမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ Quercetin ဓာတ်ကတော့ နှလုံးရောဂါဖြစ်ပွားခြင်းနဲ့ ကင်ဆာရောဂါဖြစ်ပွားခြင်းကို လျော့ကျစေနိုင်ပါတယ်။ ကြက်သွန်နီက ပိုတက်ဆီယမ်နည်းပါးစွာပါဝင်တဲ့အတွက်ကြောင့် ကျောက်ကပ်အတွက် အဆင်ပြေစေပါတယ်။

       ကညွတ်မှာ ကယ်လိုရီနည်းပါးစွာပါဝင်ပြီး vitamins A၊ K နဲ့ C တို့ပါဝင်ပါတယ်။ ကြွက် တွေမှာ စမ်းသပ်တဲ့အခါ ကညွတ်က ကျောက်ကပ်ရဲ့လုပ် ဆောင်ချက်တွေကို ထိန်းသိမ်းပေးနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် potassium၊ calcium နဲ့ phosphorus လို့ဓာတ်တွေအနည်းငယ်မြင့်မားစွာပါဝင်နေပါတယ်။ အဲဒါကြောင့် ကညွတ်ကိုစားမယ်ဆိုရင်တော့ သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

       ကြက်သွန်နီလိုပဲ ကြက်သွန်ဖြူက အနံဆိုးပေမယ့်လည်း ဆေးဘက်ဝင်တဲ့သစ်သီးသစ်ဥ ဖြစ်ပါတယ်။ ကြက်သွန်ဖြူက ဆေးဖက်ဝင်တဲ့အပြင် အစားအစာတွေမှာလည်း အနံအရသာကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။ လေ့လာသူတွေက ကြက်သွန်ဖြူရဲ့အရည်မှာ အမျိုးအစား၂ ဆီးချို ရောဂါသည်တွေသောက်သုံးသင့်တဲ့ဆေးဝါးကဲ့ သို့ ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် တစ်ချို့သော ဆေးဝါးများကြောင့် ကျောက်ကပ်ပျက်ဆီးခြင်း၊ ဓာတုဗေဒပစ္စည်းတွေကြောင့် ကျောက်ကပ်ပျက် ဆီးခြင်းမျိုးကို ကာကွယ်ပေးနိုင်တဲ့အကျိုးသက် ရောက်မှုရှိတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

      ပန်းဂေါ်ဖီက ကျောက်ကပ်အတွက်ကောင်းမွန်တဲ့အစားအစာဖြစ်ပြီး vitamin C, folate, နဲ့ fiber ဓာတ်တို့များပြားစွာပါဝင်ပါတယ်။ ပန်းဂေါ် ဖီမှာ ပါဝင်တဲ့ဓာတ်ပေါင်းတွေက အသည်းအတွက်လည်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်မှာ အဟာရဖြစ်စေတဲ့ဒြပ်ပေါင်းတွေဖြစ်ပါတယ်။

       ပန်းသီးမှာ vitamins, minerals, နဲ့ fiber ဓာတ်တွေပါဝင်ပါတယ်။ antioxidant ကြောင့် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ ကျစေနိုင်ပြီး နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးခြင်းနဲ့ဆက် စပ်နေသောကြောင့် ပန်းသီးက သင့်ကျောက်ကပ်ရဲ့ပြဿနာတွေကို ကာကွယ်ပေးဖို့လည်း ကူညီနိုင်ပါတယ်။

       ကရိန်းဘယ်ရီသီးဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ပတ်သက်တဲ့ရောဂါတွေကို ကုသပေးနိုင်တဲ့အိမ်တွင်းဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ Antioxidant တွေပါဝင်တဲ့အတွက်ကြောင့် အစာခြေလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းမှာ ပိုးဝင်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကရိန်းဘယ်ရီသီးဖျော်ရည်ကို သောက်သုံးခြင်းက ကျောက်ကပ်ကျောက်တည်ခြင်းကိုတောင် ကုသနိုင်တယ်လို့ လေ့လာသူတွေက ပြသခဲ့ကြပါတယ်။ ဒါပေမယ့် ကရိန်းဘယ်ရီသီးဖျော်ရည်ကိုအလွန်အကျွံသောက်သုံးခြင်းကတော့ ကျောက် ကပ်ကို အလုပ်အလွန်အကျွံလုပ်စေတဲ့အတွက်ကြောင့် အလွန်အကျွံသောက်သုံးခြင်းကတော့ မကောင်းပါဘူး။

        ငါးမှာ ပရိုတင်းဓာတ်မြင့်မားစွာပါဝင်ပြီး polyunsaturated fatty acids (PUFA) လို့ခေါ်တဲ့ဓာတ်တစ်မျိုးလည်းပါဝင်ပါတယ်။ PUFA မှာပါဝင်တဲ့အစိတ်အပိုင်းများမှာ omega-3 fatty acids ပါဝင်ပါတယ်။ omega-3 fatty acids က ယောင်ရမ်းခြင်းတွေကို လျော့ကျစေပြီး free oxygen radicals တိုးပွားစေပါတယ်။ အဲဒါကြောင့် နှလုံးရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ cholesterol ကိုလျော့ကျစေပြီး ကျောက် ကပ်ကို ကာကွယ်ပေးနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေက ငါးမှာပါဝင်တဲ့ PUFAs က ကျောက်ကပ်ဆိုင်ရာရောဂါများ ဖြစ်ပေါ်ခြင်းကို နှေးကွေးစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

#PAN