
(နိုင်ငံတကာ) ဇွန် ၂၁
ဗျူဟာမြောက် ကမ္ဘာ့အဆင့် ရေနံနှင့် စွမ်းအင်လမ်း ကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ဖြတ်သန်းသွားလာမှုအတွက် အီရန်နိုင်ငံအနေဖြင့် မည်သည့်အခွန်အခမျှ ကောက်ခံခွင့်ရရှိမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခိုင်အမာ ကတိပြုပြောကြားလိုက်ပြီး၊ အကယ်၍ နောက် ဆုံးသဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်ပြည်ထောင်စုကိုယ်တိုင်ကသာ ယင်းရေလမ်းကြောင်းအပေါ် အခွန်အခများ စည်းကြပ်ကောက်ခံသွားမည်ဟု သတိ ပေးလိုက်သည်။
သမ္မတထရမ့်သည် စနေနေ့မွန်းလွဲပိုင်းက ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “အပစ်အခတ်ရပ်စဲရေး ရက်ပေါင်း ၆၀ ယာယီကာလအတွင်း ရေလက် ကြား၌ အခွန်အခ (Tolls) ကောက်ခံမှု လုံးဝရှိလာမည်မဟုတ်သလို၊ ယင်းကာလကုန်ဆုံးပြီးနောက်တွင်လည်း ရှိလာမည်မဟုတ်ကြောင်း၊ သို့သော် အမေရိကန်ပြည်ထောင်စုအတွက်နှင့် အမေရိကန်ကိုယ်တိုင်က စည်းကြပ်ခြင်းမျိုးဆိုလျှင်မူ တစ်မျိုးဖြစ်နိုင်ကြောင်း” ရေးသားခဲ့သည်။
ယင်းထုတ်ပြန်ချက်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ (MoU) ပါ ကတိကဝတ်များ မြေပြင်တွင် ပြိုလဲပျက်ပြယ်လုနီးပါး ဖြစ်နေသည့် သံတမန်ရေးရာ အကျပ်အတည်းလက္ခဏာတစ်ရပ်လည်း ဖြစ်သည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် ပြီးခဲ့သည့် ဖေ ဖော်ဝါရီလကုန်ပိုင်းကတည်းက စစ်ပွဲစတင်ဆင်နွှဲခဲ့ရာတွင် အီရန်က ဟော်မုဇ်ရေလက်ကြားကို အောင်မြင်စွာ ပိတ်ဆို့ပြီး ကမ္ဘာ့စီးပွားရေးကို ဖိအားပေးခဲ့သည်။ ဗုဒ္ဓဟူးနေ့စာချုပ်အရ အီရန်သည် ရက် ၆၀ အတွင်း ရေလမ်းကြောင်းပြန်ဖွင့်ပေးရန်နှင့် အခွန်မကောက်ရန် သဘောတူခဲ့သော် လည်း၊ အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို ဆက်လက်ဗုံးကြဲနေသဖြင့် အမေရိကန်က ကတိမတည်ဟုဆိုကာ အီရန်ပူးတွဲစစ်ဌာနချုပ်က စနေနေ့တွင် ရေလက်ကြားကို ပြန် လည်ပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကမူ သင်္ဘောများ ပုံမှန်ဖြတ်သန်းနေဆဲဖြစ်ပြီး အီရန်သည် ဟော်မုဇ်ကို အလုံးစုံမထိန်းချုပ်နိုင်ကြောင်း တုံ့ပြန်ထားသည်။ သမ္မတ ထရမ့် သည် ၎င်း၏ ရပ်တည်ချက်ကို ပြောင်းလဲကာ စစ်ပွဲမတိုင်မီက အခွန်ကင်းလွတ်ခဲ့သည့် ဟော်မုဇ်ရေလက် ကြားအပေါ် အမေရိကန်က အခွန်ကောက်ခံနိုင်ခြေကို ပြန် လည်အသက်သွင်းလာခြင်း ဖြစ်သည်။
ထရမ့်က ဤသို့အခွန်ကောက်ခံခြင်းသည် အရှေ့အလယ်ပိုင်းနိုင်ငံများအတွက် အမေရိကန်က “စောင့်ရှောက်သူကောင်းကင်တမန်” (Guardian Angel) အဖြစ် ဝန် ဆောင်မှုပေးခဲ့သည့် ယခင်၊ လက်ရှိနှင့် နောင်လာလတ္တံ့သော စစ်စရိတ် ကုန်ကျစရိတ်များကို ပြန်လည်ခုနှိမ်တောင်းခံခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး၊ ဒေသတွင်းနိုင်ငံများ၏ ဝင်ငွေ ၂၀ ရာခိုင်နှုန်းကို အမေရိကန်က ရယူမည့် အစီအစဉ်ကိုပါ ရည်ညွှန်းခဲ့သည်။
လက်ရှိတွင် ပါကစ္စတန်နှင့် ကာတာတို့၏ ကြားဝင်စေ့စပ်မှုဖြင့် ဆွတ်ဇာလန်နိုင်ငံ၌ ယနေ့ (တနင်္ဂနွေနေ့) တွင် အမေရိကန်-အီရန် နောက်ဆက်တွဲဆွေးနွေးပွဲများ စတင်ရန် ပြင် ဆင်နေပြီး၊ အမေရိကန်ဘက်မှ ဒုသမ္မတ ဂျေဒီဗန့်စ်၊ သမက်ဖြစ်သူ ဂျာရက် ကွတ်ရှ်နာ တို့ တက်ရောက်ကြမည် ဖြစ် ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN