ချမ်းအေးသာစံမြို့တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား


(မှုခင်း) စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၂၉-စီလမ်း၊ ၅၆×၅၇ လမ်းကြားရှိ ၆၀×၄၀ ပေ၊ RC ၂ ထပ် အဆောက်အဦးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီ ၃၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြိမ်းသတ်ခဲ့ရာ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ၆၀×၄၀ ပေ၊ RC ၂ ထပ်အဆောက်အဦး၏ ဒုတိယထပ်ရှိ ၂၀×၁၅ ပေရှိ အခန်းတွင် မအိသန္တာကျော်၊ အသက် ၂၇ နှစ်မှ အိပ်ခန်းအတွင်းရှိ မွေ့ယာပေါ်တွင် ပလပ်ခုံဖြင့်ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မွေ့ယာမှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုကြောင့် အိပ်ခန်းအတွင်းရှိ မွေ့ယာ၊ ကုတင်၊ မျက်နှာကျက်နှင့် အိပ်ခန်းအတွင်းရှိ ပစ္စည်းများမီးလောင်ဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးမှာ ၂၅၀၀၀၀၀ ကျပ် ဖြစ်ကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ မအိသန္တာကျော်အား အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN