တာချီလိတ်မြို့နယ် ဗိုလ်ချုပ်လမ်းမပေါ်၌ ဆိုင်ကယ်မောင်းနှင်နေစဉ် နောက်က ကားနှင့်တိုက်ပြေးသူအား ဖမ်းဆီးရမိ


(မှုခင်း) အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်း ၈ နာရီအချိန်ဝန်းကျင်ခန့်က ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးအား နောက်မှပါလာသည့် အယ်လ်ဖတ်(အနက်ရောင်)မှတိုက်ပြီးထွက်ပြေးသွားကြောင်း သိရှိရသဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်မှူးနှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဆိုင်ကယ်မောင်းနှင်လာသူမှာ ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းဆရာ ဦးတင်ထွဋ်နိုင် ဖြစ်ပြီး ကားနဲ့ တိုက်မှုကြောင့် အခင်းဖြစ်ပွါးရာနေရာမှ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းသည်။

ဖြစ်စဉ်နှင့် ပတ်သတ်ပြီး တာဝန်မှုးမှ ဟောင်လိတ်ရဲစခန်းသို့ တရားလို ပြုလုပ်တိုင်တန်းခဲ့ရာ ယာဉ်(ပ)၁၄/၄ပုဒ်မ ၂၇၉/၃၀၄.က/၂၁၂နှင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထွက်ပြေးသွားသည့် တရားခံအား ဖမ်းမိရန်အတွက် ခေတ္တ တပ်ဖွဲ့စုမှူး၊ အမှုစစ် ရဲအုပ်နှင့်အဖွဲ့မှ မေးမြန်းစုံစမ်းခဲ့ရာ တိုက်ပြေးသွားသည့် အမဲရောင် အာရာဖတ်ယာဉ်မှာ ဟောင်လိတ်ကြိုဆိုပါ၏ ဆိုင်းဘုတ်လမ်းဆုံမှမယ်ယန်းစစ်ဆေးရေးဂိတ်ဘက်သို့ မောင်းနှင်သွားကြောင်း၊ မယ်ယန်းစစ်ဆေးဂိတ်မကျော်ဘဲ အဆိုပါအနီးတဝိုက်ကျေးရွာများတွင် ရှိနိုင်ကြောင်း ခန့်မှန်းရရှိသဖြင့်လိုက်လံစုံစမ်းခဲ့ရာ ဝမ်လုံးကျေးရွာအတွင်းရှိ နေအိမ်အတွင်း၌ တိုက်ပြေးသွားသည့်ကားကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

အဆိုကါ ကားတွေ့ရှိရာ နေအိမ်သို့ ဝင်ရောက်ရှာဖွေ စုံစမ်းရာ ဆိုင်ကယ်အားတိုက်၍ ထွက်ပြေးသွားသော ကားဖြစ်ပြီး၊ အခင်းဖြစ်ပွါးချိန် မောင်းနှင်သည့် အသက် ၂၄ နှစ်အရွယ် စိုင်းကော်ခမ်းဆိုသူဖြစ်နေကြောင်း တွေ့ရှိရသဖြင့် တည်ဆဲဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN