
(နိုင်ငံတကာ) ဇွန် ၂၇
ဗင်နီဇွဲလားနိုင်ငံတွင် လူပေါင်း ၉၂၀ ဦးထက်မက သေဆုံးခဲ့ရသည့် အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ပြီး ရက်ပိုင်းအကြာ၌ နိုင်ငံမြောက်ဘက်ကမ်းလွန်ပင်လယ်ပြင်တွင် ရစ်ခ်ျတာစကေး ၄.၉ အဆင့်ရှိသော ငလျင်အသစ်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း သိရသည်။
သောကြာနေ့က လှုပ်ခတ်ခဲ့သော အဆိုပါငလျင်သစ်သည် ဗင်နီဇွဲလားမြောက်ပိုင်း မာရာကိုင်(Maracay)မြို့၏ အနောက်မြောက်ဘက် ၆၁ ကီလိုမီတာအကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြို့ တော် ကာရာကပ်စ်အထိ တုန်ခါမှုများကို ပြင်းထန်စွာ ခံစားခဲ့ရကြောင်း ငလျင်စောင့်ကြည့်ရေးအဖွဲ့ (EMSC) နှင့် ဒေသခံမျက် မြင်သက်သေများက ဆိုသည်။
ဗင်နီဇွဲလားနိုင်ငံသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညပိုင်းက လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇.၂ နှင့် ၇.value ၅ အဆင့်ရှိ အင်အားပြင်းငလျင်နှစ်ခုကြောင့် မြို့တော်အပါအဝင် ဒေသအများအပြား ပျက်စီးငြိမ်သက်နေဆဲဖြစ် သည်။ လက်ရှိတွင် အနည်းဆုံး လူ ၃,၃၆၀ ဦး ဒဏ်ရာရရှိထားပြီး ၁၇၂ ဦးထက်မက အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်ကာ ပျောက်ဆုံးနေသူဦးရေမှာ ၅၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည်။ အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ကမူ သေဆုံးဒဏ် ရာရသူဦးရေသည် ၁၀,၀၀၀ ထက်မက ကျော်လွန်နိုင်ကြောင်း ခန့်မှန်းထားသည်။
ပြည်ထဲရေးဝန်ကြီး ဒီယိုစဒါဒို ကာဘယ်လိုက ငလျင်ဒဏ် အပြင်းထန်ဆုံးခံရသည့် လာဂွိုင်ရာ (La Guaira) ပြည်နယ်ရှိ ဒေသအချို့ကို သွားလာခွင့်ကန့်သတ်ထားကြောင်း ကြေညာခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ နှေးနေသဖြင့် ဒေသခံပြည်သူများသည် မိမိတို့အစီအစဉ်ဖြင့် အသက်ရှင်ကျန်ရစ်သူ များကို ရှာဖွေနေကြရပြီး ကိုယ်ပိုင်ကားများကို လူနာတင်ယာဉ်အဖြစ် အသုံးပြုနေကြရသည်။
တစ်ချိန်တည်းမှာပင် ဗင်နီဇွဲလားအစိုးရသည် ရွေးကောက်ပွဲအပြီး ပိတ်ဆို့ထားခဲ့သော X (Twitter) လူမှုကွန်ရက်ကို ပြန် လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ပြည်သူများအကြား ပျောက်ဆုံးနေသူများ၏ အချက်အလက်များကို ရှာဖွေမျှဝေနိုင် တင်ပြနိုင်နေပြီဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN