အမေရိကန်နှင့်အစ္စရေးတို့၏ ခေါင်းမာမှုကြောင့် ဂါဇာစစ်ပွဲ ရှည်လျားနေခြင်းဖြစ်ဟု ရုရှားကိုယ်စားလှယ် ပြော


(နိုင်ငံတကာ)အောက်တိုဘာ ၁၁

အမေရိကန်နှင့်အစ္စရေးတို့၏ ခေါင်းမာမှုကြောင့် ဂါဇာစစ်ပွဲရှည်လျားနေရခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ရုရှားအမြဲတမ်း ကိုယ်စားလှယ်က ပြောသည်။

ထို့ပြင် ဂါဇာဒေသရှိ ပြည်သူအများအပြားသည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း မမြင်တွေ့ဖူးသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဘေးဆိုက်မှုနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

အစ္စရေး၏မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၂,၀၀၀ ခန့်သေဆုံးကြောင်း၊ အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးဖြစ်ကြောင်း တိုက်ပွဲများကြား ပျောက်ဆုံးနေသူမှာ တစ်သိန်းနီးပါးရှိလာပြီဖြစ်ကြောင်းနှင့် လူနှစ်သန်းမှာ စစ်ဘေးရှောင်နေရကြောင်း ရုရှားကိုယ်စားလှယ်က ပြောသည်။

ထို့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဂါဇာအရေးကို ကြားဝင်ဆောင်ရွက်ပေးရန် ပြင်ဆင်ထား သော်လည်း အမေရိကန်နှင့်အစ္စရေးတို့က ကဖျက်ယဖျက်လုပ်လျက် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဂါဇာတွင် ချက်ချင်း အပစ်အခတ် ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို အမေရိကန် က ဗီတိုအာဏာဖြင့် ပယ်ချကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN