တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြားစုစုပေါင်း ၄၈ ဒသမ ၆၀၀၀ တန် သိမ်းဆည်းရမိ


(မှုခင်း) အောက်တိုဘာ ၉

စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ၄၈ ဒသမ ၆၀၀၀ တန်၊ ယာဉ်/ယန္တရား ခုနစ်စီးနှင့် ပြစ်မှုကျူးလွန် သူ ၁၆ ဦးတို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် သိမ်းဆည်းရေး အား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၃၀ ဒသမ ၁၉၂၈ တန်၊ သစ်မာ ၁၁ ဒသမ ၈၈၄၈ တန်၊ အခြား ၆ ဒသမ ၅၂၂၄ တန် စုစုပေါင်း ၄၈ ဒသမ ၆၀၀၀ တန်၊ ယာဉ်/ ယန္တရား ခုနစ်စီး၊ ပြစ်မှုကျူးလွန်သူ ၁၆ ဦးတိုကို ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN