ပြည်သူ့အသံ

လပခစစ်တိုင်းကြီးက မန္တလေးမြို့ထဲကိုဝင်လာနိုင်မယ့် ဧရာဝတီမြစ်ထဲက ကမ်းကပ်နိုင်ခွင့် အထူးကြပ်မတ်တယ်။ နမခစစ်တိုင်းကြီ းဘက်က ကမ်းကပ်ခွင့်တွေလျော့ရဲလွန်းနေပါတယ်။ အကြမ်းဖက်ထောက်ပို့မှန်သမျှ ဈေးသယ်မှန်သမျှ စစ်ကိုင်း အမရပူရ ဒီဈေးတွေထဲက နေစားနပ်ရိက္ခာတွေဝယ်တယ်။

ရိမ္မကားအထိ စက်တပ်လှေ မော်တော်တွေနဲ့သယ်ယူတယ်။ ရိမ္မကား ကနေ စစ်ကိုင်းတိုင်း အထက်ပိုင်း ။ မန္တလေးတိုင်းထဲက စဉ့်ကူး သပိတ်ကျင်း နတ်ကြီးစဉ် ညောင်အုပ် စကျင် မြွေရွာတွေ မှာ ရောင်းချပေးတယ် ။ အကြမ်းဖက်ထောက်ပို့တွေက သူတို့စခန်းအထိသယ်ယူတယ်။

ဒီလိုသာလုပ်နေရင် လုပ်လို့ရနေရင် ဖြတ်လေးဖြတ်က အကြမ်းဖက်မထိပါ။ ထို့အတူပဲ မန္တလေးတိုင်းထဲက မတ္တရာမြို့မြောက်ဘက်အဝင်က မကျည်းသုံးပင်ဂိတ်လည်း စစ်ဆေးမှု့က ထိထိရောက်ရောက်မရှိပါ။ စားသုံးဆီတွေကို သတ်မှတ်ထားသည့်အတိုင်းသယ်ယူခွင့်ကို မလိုက်နာကြပါ။

အဓိကချိုးဖောက်နေတဲ့လူတွေက ဂိတ်က ပသစတွေနဲ့ပိုင်တဲ့ ဆိုင်ကယ်ကယ်ရီသမား ဆိုင်ကယ်ဘေးတွဲကယ်ရီသမားတွေကပဲ အတားဆီးအစစ်ဆေးမရှိ ချိုးဖောက်နေကြတာပါ PANရေ။

လောင်စာဆီလည်း ဆိုင်ကယ်ကယ်ရီ ဆိုင်ကယ်ဘေးတွဲကယ်ရီသမားတွေကပဲ အတားဆီးမရှိ သယ်ယူပေးနေပါတယ်။ လက္ကောင်းလေးရွာထဲမှာ ဈေးတခုလိုတောင်ဖြစ်နေပါတယ်။ဘာလိုချင်သလဲ ဘာသယ်ချင်သလဲ ဆိုင်ကယ်ကယ်ရီ ဆိုင်ကယ်ဘေးတွဲကယ်ရီတွေသာမှာလိုက် အတားဆီးမရှိ ဝင်ထွက်လို့ရနေတဲ့အနေထားဖြစ်နေတယ် PANရေ ။

သူတို့ကအမိန့်ရနေတာများလား။ တကယ့်ပြည်သူတွေကြ အတင်းကြပ်စစ်ဆေးတယ်။ အသားတပိဿာ ငါးဆယ်သား ယူတယ်။ ဆီတပိဿာ ငါးဆယ်သားသိမ်းတယ်။ ဓါတ်ဆီတစ်လီတာဘူး သယ်ခွင့်မရ။ သို့သော် အဲဒီဂိတ်ကပသစတွေနဲ့ ပိုင်တဲ့ ဆိုင်ကယ်ကယ်ရီ ဆိုင်ကယ်ဘေးတွဲကယ်ရီသမားတွေကတော့ စားသုံးဆီလည်း သယ်ပေးသွင်းတယ်။

လောင်စာဆီပါ ချရောင်းတယ်။ ကွမ်းခြင်းသယ်လည်းအစစ်ဆေးမခံရပါ။ စပါးကားတွေလည်း အစစိဆေးမရှိ သယ်နေကြတယ် ။

ဒီလိုသာဆိုရင် ဖြတ်လေးဖြတ်က အကြမ်းဖက်မထိပါ။အထူးသဖြင့် အကြံပြုလိုတာက အကြမ်းဖက်ရွာနာမည်ပေါက်တွေဘက်က ဈေးပဲဝယ်ဝယ် ။ ကွမ်းခြင်းပဲသယ်သယ် ။စပါးသယ်သယ် အားလုံးပိတ်ပစ်သင့်ပါတယ်။ အကြမ်းဖက်ရွာတွေနဲ့နီးတဲ့ နေရာတွေမှာ ဈေးရောင်းခွင့်လုံးဝခွင့်ပိတ်ပစ်သင့်ပါတယ် ။

စကျင်ရွာ ဝေါရွာရေဆိပ်ညောင်အုပ်ရွာ နတ်ကြီးစဉ်ရွာက ဈေးတွေ မပိတ်နိုင်ရင် မဖျက်ဆီးနိုင်ရင် အကြမ်းဖက်ကိုလုပ်ဆောင်ထားတဲ့ ဖြတ်လေးဖြတ်က ရီစရာဖြစ်နေမှာပါ။ PANရေ

ယခုဖော်ပြမှုမှာ PAN ရဲ့အာဘော်မဟုတ်ပဲ ပေးပို့သူရဲ့အာဘော်သာဖြစ်ပါတယ်၊
PAN ကို သတင်းရေးသားပေးပို့မယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်ဖြစ်တဲ့ 09772979725 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN