မူဆယ်မြို့ရှိ နဂါးနှစ်ကောင် KTVမီးလောင်မှုဖြစ်ပွား

(မှုခင်း) ဇွန် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူလမ်းတွင် KTV မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၉ ရက် နံနက် ၈ နာရီခွဲအချိန်က မူဆယ်မြို့ ဆင်ဖြူပေါက်အနီးမှာရှိ နဂါးနှစ်ကောင် KTV ဆိုင်တွင် မီးဖိုအတွင်းမှ ဂတ်အိုး ပေါက်ပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်သည့် နေရာသို့ မူဆယ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁နာရီ၅၀မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ပျက်ဆီးမှုအခြေနေနှင့် မီးလောင်ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာ မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN