အလုပ်သမားစာရင်းပေးပိုရန် ပျက်ကွက်တဲ့ အေဂျင်စီများကို လုပ်ငန်းများဆိုင်းငံ့ထားမည်


(ပြည်တွင်း) အောက်တိုဘာ ၇

စက်တင်ဘာလအတွင်း ပြည်ပသို့ စေလွှတ်ခဲ့တဲ့ အလုပ်သမားစာရင်း ပေးပို့ရန် ပျက်ကွက်တဲ့ အေဂျင်စီများကို အလုပ် သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ဆိုင်းငံ့ထားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထား ပါတယ်။

လက်ရှိမှာ စာရင်းပေးပိုထားခြင်း မရှိတဲ့ အေဂျင်စီ ၆၆ ခုကို နာမည်စာရင်းနှင့်အတူ ထုတ်ပြန်ထားခဲ့ပြီး အောက်တိုဘာလ ၆ ရက် နောက်ဆုံးထားပေးပို့ရန် အသိပေးထားခဲ့တာ ဖြစ်ပါတယ်။

သတ်မှတ်ချက်အတိုင်း ပေးပို့ခြင်းမရှိပါက အဆိုပါအေဂျင်စီများကို ဒဏ်ကြေးအပြင် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များကိုပါ ဆိုင်းငံ့အရေးယူသွားမယ်လို့ သိရပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေနဲ့ လကုန်ပြီး ၅ ရက်အတွင်း စေလွှတ်ခဲ့တဲ့ အလုပ်သမားစာရင်းများကို အလုပ်သမားဝန်ကြီးဌာနထံ ပေးပို့ရန်လိုအပ်ပြီး စေလွှတ်ခဲ့ခြင်းမရှိပါက မရှိသည့်အကြောင်း သတင်းပေးပို့ရန် ညွှန်ကြားထားခြင်းလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၆၀၀ နီးပါးရှိကြောင်း အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN