မင်းနေကုန်းရဲစခန်းအား အကြမ်းဖက်သောင်းကျန်းသူများမှ Drop Bombချ တိုက်ခိုက်ခဲ့


(ပြည်တွင်း)အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာရှိ မင်းနေကုန်းရဲစခန်းဝင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေပြုနေထိုင်သည့် နေရာသို့ အကြမ်းဖက်သောင်းကျန်းသူများမှ Drop Bomb ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ အချိန်ခန့်က မင်းနေကုန်းရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ နွားဘူးအိုင်ကျေးရွာဘက်မှ အကြမ်းဖက်သောင်းကျန်းသူများက Drone ၃ စင်းဖြင့် Drop Bomb များ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Drop Bomb ချတိူက်ခိုက်မှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်သောင်းကျန်း သူများနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။။

Telegram»…
https://t.me/positiveanglenews

PAN