လိုင်လီအသင်းနဲ့ပွဲစဉ်က အရှုးနဲ့ထိုက်တန်ကြောင်းပြောခဲ့တဲ့ အန်ဆလော့တီ


(အားကစား) အောက်တိုဘာ ၅

လိုင်လီအသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရှုးနိမ့်ခဲ့ရတဲ့အပေါ် ဆင်ခြေပေးသွားမှာ မဟုတ်ဘူးလို့ ရီးရဲလ်နည်းပြ အန်ဆလော့တီ က ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရီးရဲလ် အသင်းဟာ လိုင်လီအသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တစ်ဂိုး၊ ဂိုးမရှိနဲ့ အံ့အားသင့်ဖွယ်ရာ ရှုးနိမ့်ခဲ့ရတာပါ။

လိုင်လီအသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ကစားပုံက တော်တော်လေးကိုဆိုးရွားခဲ့ပြီး ရှုးနိမ့်မှုနဲ့ထိုက်တန်တယ်လို့ ရီးရဲလ် နည်းပြ အန်ဆလော့တီ က ပြောပါတယ်။

အခုပွဲစဉ်မှာ ရှုးနိမ့်ခဲ့တဲ့အတွက် နောက်လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းရဖို့ ကြိုးစားသွားမယ်လို့ နည်းပြ အန်ဆလော့တီ က ဆက်လက်ပြောကြားခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ စတုဂတ်အသင်းနဲ့ ချန်ပီယံလိဂ် ပထမဆုံးပွဲစဉ်မှာ သုံးဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း လိုင်လီအသင်းနဲ့ ဒုတိယမြောက်ပွဲစဉ်မှာ ရှုးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် နှစ်ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN