ငါန်းဇွန်မြို့နယ်အတွင်းရှိ တရုတ်- မြန်မာဖက်စပ် ဘီစကစ်စက်ရုံတစ်ခုကို အကြမ်းဖက်သမား PDF များက ဓားပြတိုက်ကာ ဝန်ထမ်းလစာကျပ်သိန်း(၃၀၀)ခန့်နှင့် မော်တော်ယာဥ် တစ်စီးတို့ကို ယူဆောင်သွား

(ပြည်တွင်း) အောက်တိုဘာလ  ၅

      မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်မြို့၏အနောက် တောင်ဘက်(၂၂)မိုင်ခန့်အကွာ မန္တလေး – မြို့သာစက် မှုဥယျာဉ်မြို့တော်စီမံကိန်း (Phase-1)၌ လုပ်ငန်းလည် ပတ်လျက်ရှိသည့်၊တရုတ်- မြန်မာဖက်စပ် Myanmar Ding Wang ဘီစကစ်စက်ရုံအတွင်း စိစစ်ဆဲ အကြမ်းဖက်သမား PDF ၅ ဦး ယနေ့ နံနက်ပိုင်းက ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့်
ခြိမ်းခြောက်ကာ စက်ရုံရှိ ဝန်ထမ်းလစာများနှင့် မော် တော်ယာဥ်တို့ကို ယူဆောင်သွားကြောင်း သိရပါသည်။

       ”အကြမ်းဖက်သမား PDF တွေက ဒီနေ့ နံနက် ၆ နာရီ ၅၅ မိနစ်ချိန်ခန့်မှာ သေနတ်အတို ၂ လက်၊အရှည် ၁ လက်တို့ပါတယ်၊ ဆိုင်ကယ်(၃)စီးနဲ့ စက်ရုံအတွင်း ဝင်လာပြီး ဝန်ထမ်းများအားလုံးကို မှောက်လျှက်နေခိုင်းတယ်၊ အဲဒီနောက် အကြမ်းဖက်သမားတွေက စက်ရုံမန်နေဂျာရုံးခန်းမှာရှိတဲ့ စက်ရုံဝန်ထမ်းတွေကို လစဉ်လဆန်း ၅ ရက်နေ့တိုင်း ထုတ်ပေးမဲ့ စက်တင် ဘာလအတွက် လစာ ကျပ်သိန်း(၃၀၀)ခန့်နဲ့ စက်ရုံဝန်းအတွင်းရှိ စက်ရုံပိုင်မော်တော်ယာဉ်အမှတ်- 1K-1753 Honda Fit အမျိုးအစား၊ အပြာရောင်ယာဉ် ၁ စီးတို့ကို ယူဆောင်သွားခဲ့ပါတယ် ” ဟု အဆိုပါ စက်ရုံမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

      ၎င်း အကြမ်းဖက်သမား PDF များမှာ တံတားဦး – မြို့သာ – မြင်းခြံကားလမ်းမအတိုင်း၊ မြင်းခြံမြို့နယ်၊ န ဘူးအိုင်ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သတင်း ရရှိပါသည်။

#PAN