“ချင်းမိုင်ရေကြီးမှုကြောင့် ဆင်များကိုကယ်တင်ရန် အရေးတကြီးလိုအပ်နေ”

(နိုင်ငံတကာ) အောက်တိုဘာ ၅

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ရေကြီးမှုများ ထပ်မံဖြစ်ပွားခြင်းကြောင့် မယ်ထန်ဒေသရှိ ဆင်စခန်းများမှ ဆင်များကို ကယ်တင်ရန် အရေးတကြီးလိုအပ်နေကြောင်း သိရသည်။
ရေကြီးမှုသည် သဘာဝဆင်စခန်းတစ်ခုလုံးကို ဖုံးလွှမ်းလာစဉ် ဆင်အကောင်ရေ ၁၀၀ ကျော်အပါအဝင် ခွေးများ၊ ကြောင်များကိုပါ ဘေးလွတ်ရာသို့ ကယ်ဆယ်ရေးလုပ်နေရသည်ဟု ဆင်စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် မြင့်တက်လာသောရေပြင်သည် ဆင်စခန်း၏ပတ်ပတ်လည်ရှိ တံတိုင်းများကိုပင် ကျော်လွန် လာသည်အထိ မြင့်မားလာကြောင်းတွေ့ရသည်။ ထို့ကြောင့် ဆင်များအပါအဝင် အခြားတိရစ္ဆာန်များကို ရေဘေး လွတ်ရာသို့ ကယ်ဆယ်နိုင်ရေးအတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်းနှင့် သတ္တဝါအားလုံးကို ကယ်တင်သင့်ကြောင်း ဆင်စခန်းညွှန်ကြားရေးမှူး ဆန်ဒန်ချေလော့ က လူမှုကွန်ရက်တွင် ရေးသား၍ အကူအညီများကို တောင်းခံထားသည်။

#PAN