ထိုင်ဝမ်ကျွန်းသို့ ကရက်သွန် မုန်တိုင်းဝင်ရောက် လာမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့

(နိုင်ငံတကာ) အောက်တိုဘာ ၄

     အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ကရက်သွန်သည် အောက်တိုဘာလ ၃ ရက် မွန်းလွဲပိုင်းတွင် ထိုင်ဝမ်ကျွန်း တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူနှစ်ဦးသေဆုံးထားကြောင်း သိရသည်။မုန်တိုင်းသည် ကုန်တွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ချိန်တွင် အဆင့် ၁ မုန်းတိုင်းအဖြစ် အားပျော့သွားသော်လည်း မိုးသည်း ထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနှင့် မုန်တိုင်း၏ အရှိန်ကြောင့် လှိုင်းကြီးမှုများ ဖြစ်ပွားနိုင်သည့်အတွက် ဒေသခံများကို နေအိမ်တွင်သာ ဆက်လက်နေထိုင်ကြရန် တာဝန်ရှိသူများက သတိပေးထားသည်။

      မုန်တိုင်းသည် ကောင်းရှုံမြို့သို့ ဝင်ရောက် တိုက် ခတ်ခြင်း ဖြစ်သည်။ သို့သော် ဒေသတစ်ခုလုံးရှိ စာသင်ကျောင်းများ၊ အလုပ်များပိတ်ရန်တာဝန်ရှိသူ များက ညွှန်ကြားထားသည့်အပြင် လေယာဉ်ခရီး စဉ်များ အားလုံးကို ဖျက်သိမ်းကာ ငွေကြေးဈေးကွက်များကိုလည်း ပိတ်လိုက်ရသည်။

       မုန်တိုင်းကြောင့် သေဆုံးသူနှစ်ဦးစလုံးမှာ တောင် ပေါ်ဒေသများမှ ဖြစ်ပြီး တစ်ဦးသည် သစ်ပင်ခုတ်နေစဉ် ပြုတ်ကျသေဆုံးခြင်းဖြစ် ကြောင်းနှင့် အခြားတစ်ဦး မှာမူ တောင်ပေါ်မှကျလာသော ကျောက်တုံးက ၎င်းစီးလာသော ကားကို ထိမှန်ခြင်းကြောင့် သေဆုံးခြင်းဖြစ် ကြောင်း မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ခဲ့သည်ဟု Bangkok Post ၏ဖော်ပြချက်အရ သိရသည်။

#PAN