တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီး


(ပြည်တွင်း) အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ စပါးတွင်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကုလား၊ အသက် ၅၃ နှစ်၊ (ဘ)ဦးတင်ထွန်း သည် နေအိမ်၌ရှိနေစဉ် သေနတ်အရှည် ၂ လက်နှင့် သေနတ်အတိုများ ကိုင်ဆောင်ထားသည့် အကြမ်းဖက် PDF အမျိုးသား ၁၅ ဦးခန့်သည် ဆိုင်ကယ်များဖြင့် ကျေးရွာလမ်း အတိုင်း အနောက်ဘက်မှ ဝင်ရောက်လာခဲ့ပြီး၊ အကြမ်းဖက် PDF ၁၀ ဦးခန့်မှာ ဦးကုလား၏ နေအိမ်ပတ်ဝန်းကျင်တွင် နေရာယူထားကာ ၅ ဦးမှာ သေနတ်အတိုများကိုင်ဆောင်ပြီး ဦးကုလား၏ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်လာပြီး မဆိုင်သူမကပ်နဲ့ဟု အော်ဟစ်ဆဲဆိုကာ ဦးကုလားအား တပ်/ရဲ တို့နှင့် အဆက်အသွယ်ရှိကြောင်း ပြောဆိုကာ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

၎င်းနောက် ဦးကုလား၏ နေအိမ်အတွင်း မွှေနှောက်ရှာဖွေခဲ့ရာ ဦးကုလားအား ထုတ်ပေးထားသည့် ပွိုင့် ၂၂ လက်လုပ်သေနတ် အတို ၁ လက်၊ မှတ်ပုံတင်၊အိမ်ထောင်စုဇယား၊ ပုံစံ(၇)တို့အားတွေ့ရှိကာ ယူဆောင်သွားခဲ့ပြီး ဦးကုလား အား ကြိုးဖြင့် တုပ်နှောင်ဖမ်းဆီး၍ မျက်လုံးအား အဝတ်ဖြင့်စီးကာ ဆိုင်ကယ်များဖြင့် ရွာလမ်းအတိုင်း အနောက်ဘက်ရှိ မြိုင်သာကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ညောင်ပင်သာကျေးရွာ အဝင်လမ်းဘေး၌ ဦးကုလား ၏အလောင်းအား ဝဲဘက်ဦးခေါင်း ဂျို‌စောင်းမှဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရသောကြောင့်၊ ၎င်း၏ မိသားစုဝင်များမှ ညောင်ပင်သာကျေးရွာသင်္ချိုင်းတွင် သင်္ဂြိုလ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး နယ်မြေဒေသလုံခြုံရေး အခြေအနေအရ တာဝန်ရှိသူများမှ အခင်းဖြစ်ကျေးရွာသို့ သွားရောက်စစ်ဆေးနိုင်ခြင်း မရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN