ဟူသီသူပုန်များက အစ္စရေးမြို့တော်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့


(နိုင်ငံတကာ) အောက်တိုဘာ ၃

ယီမင်အခြေစိုက် ဟူသီသူပုန်များက အစ္စရေးမြို့တော် တဲလ်အဗစ်မြို့အား မောင်းသူမဲ့လေယာဉ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဟူသီများသည် တိကျသည့် သတင်းအချက်အလက်ကို ထုတ်ပြန်ခြင်းမပြုခဲ့ပဲ အစ္စရေးပိုင်နက်ရှိ ပစ်မှတ်တစ်ခုအားတိုက်ခိုက်ခဲ့ကြောင်းသာ အခိုင်အမာထုတ်ပြန်ခဲ့သည်။

တဲလ်အဗစ်မြို့တောင်ပိုင်းရှိ Bat Yam ကမ်းရိုးတမ်းမြို့တွင် လေကြောင်းတိုက်ခိုက်မှု အချက်ပေးဥဩသံများ ထွက်ပေါ်လာပြီးနောက် မောင်းသူမဲ့ လေယာဉ်အချို့ကို တွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်မှ ထုတ်ပြန်ထားသည်။

အစ္စရေးစစ်တပ်မှ ထုတ်ပြန်ချက်အရ မောင်းသူမဲ့လေယာဉ်များအား ကြားဖြတ်ဟန့်တားနိုင်ခဲ့သည့်အတွက် ထိခိုက်မှုတစ်စုံတရာမရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN