အစ္စရေးနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးတို စစ်ဆင်ရေးကိစ္စများနှင့်ပတ်သက်သည့်ကိစ္စများကို ဖုန်းဖြင့် ဆွေးနွေးခဲ့


(နိုင်ငံတကာ) အောက်တိုဘာ ၂

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိက်အော်စတင်နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂါးလန့်တို့သည် စက်တင်ဘာလ ၃၀ ရက်က အစ္စရေး၏စစ်ဆင်ရေးများနှင့်ပတ်သက်ပြီး ဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အော်စတင် သည် အစ္စရေး၏မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အတွက် အမေရိကန်၏ထောက်ခံမှုကို ထပ်လောင်း အတည်ပြုလိုက်ကြောင်းနှင့် ကာကွယ်ရေးဝန်ကြီးနှစ်ဦးသည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားသည်။

ထို့ပြင် အော်စတင်နှင့်ဂါးလန့်တို့သည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်းဒေသများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၇ ရက်ကဲ့သို့ ရုတ်တရက်တိုက်ခိုက်မှုများ မလုပ်ဆောင်နိုင်စေရေးအတွက် အစ္စရေးနှင့် လက်ဘနွန်နယ်စပ်တစ်လျှောက် တိုက်ခိုက်ရေးအဆောက်အအုံများကို ဖျက်ဆီးရန်လိုအပ်မှုနှင့်ပ တ်သက်ပြီး သဘောတူခဲ့ကြကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် အဆုံးသတ်တွင် စစ်ဆင်ရေးများမှ သံတမန်လမ်းကြောင်းသို့ ကူးပြောင်းရန် အရေးကြီးကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အစ္စရေးကို တိုက်ရိုက် တိုက်ခိုက်မှုလုပ်ဆောင်ရန် ဆုံးဖြတ်ချက်တွင် အီရန်အတွက် ပြင်းထန်သော နောက်ဆက်တွဲအကျိုးဆက်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN