တိုင်ဖွန်းမုန်တိုင်း ကရတ်သွန်ကြောင့် ဖိလစ်ပိုင်၌ သေဆုံးမှုများရှိခဲ့


(နိုင်ငံတကာ) အောက်တိုဘာ ၂

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် တိုက်ခတ်သွားသည့် တိုင်ဖွန်းမုန်တိုင်းကရတ်သွန်ကြောင့် လူသေဆုံးမှုများ ရှိကြောင်းနှင့် ပြည်သူ ၇၇,၀၀၀ ကျော်မှာ သဘာဝဘေးနှင့်ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများက အောက်တိုဘာ လ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်နိုင်ငံအတွက် ယခုနှစ်တွင် ၁၀ လုံးမြောက် တိုင်ဖွန်းမုန်တိုင်း ကရတ်သွန်ကြောင့် သေဆုံးသူ နှစ်ဦးရှိကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးဌာနက ပြောသည်။

ထိုမုန်တိုင်းသည် အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းတွင် အလွန်အင်အားပြင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁ ရက် ည ၉ နာရီ အချိန်တွင် မုန်တိုင်းသည် ကောင်းရှုမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၉၀ အကွာတွင် တည်ရှိနေပြီး တစ်နာရီလျှင် ၆ ကီလိုမီတာမှ ၁၀ ကီလိုမီတာနှုန်းဖြင့် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလာနေကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN