လက်စားချေတိုက်ခိုက်မှုပြီးဆုံးပြီဟု အီရန်ကြေညာ


(နိုင်ငံတကာ) အောက်တိုဘာ ၂

ယမန်နေ့ညက အစ္စရေးနိုင်ငံ၏ မြို့တော်အနီးရှိ စစ်အခြေစိုက်စခန်းများ လေတပ်စခန်းများအား ဟိုက်ပါဆိုးနစ်ဒုံးကျည် ၅၀၀ ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် လက်စားချေတိုက်ခိုက်မှု ပြီးဆုံးကြောင်း အီရန်က ကြေညာခဲ့သည်။

အီရန်က ၎င်းတို့ နိုင်ငံပိုင်နက်အတွင်း ဧည့်သည်တော်အဖြစ်ရောက်ရှိနေသည့် ဟားမတ်စ်ခေါင်းဆောင်အား အစ္စရေးထောက်လှမ်းရေးများ လုပ်ကြံသတ်ဖြတ်မှုအတွက် ယခုကဲ့သို့ လက်စားချေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးစစ်တပ်အနေဖြင့် နောက်ထပ်တိုက်ခိုက်မှုတစ်စုံတစ်ရာ မပြုမချင်း လက်စားချေတိုက်ခိုက်မှု ပြီးဆုံးပြီဟု ကြေညာခဲ့ခြင်းဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ ပြန်လည် တိုက်ခိုက်မည်ဟု ကြေညာခဲ့သဖြင့် အရှေ့အလယ်ပိုင်းဒေသတိုက်ပွဲများ ပြင်ထန်လာနိုင်ကြောင်း ဒေသတွင်းမီဒီယာများမှ ဖော်ပြသည်။

Telegram»…
https://t.me/positiveanglenews

PAN