အိန္ဒိယလူငယ်တစ်ဦးကို ကမ္ဘာ့ပထမဆုံး ပခုံးအရင်းမှ လက်အစားထိုးပေးနိုင်ခဲ့


(နိုင်ငံတကာ) စက်တင်ဘာ ၃၀

အိန္ဒိယနိုင်ငံမှ ဆက်ကျော်သက်လူငယ်တစ်ဦးသည် ပခုံးအရင်းမှနေ၍ လက်တစ်ချောင်းလုံးကို အစားထိုးနိုင်ခဲ့သည့် ကမ္ဘာ့ပထမဆုံးလူငယ်တစ်ဦးဖြစ်လာကြောင်း ၎င်း၏ဆရာဝန်က စက်တင်ဘာလ ၂၉ ရက်တွင် ပြောသည်။

အာနမ်တာ အာမတ်အမည်ရှိ အဆိုပါအမျိုးသမီးသည် ၂၀၂၂ ခုနှစ်တွင် မောင်နှမများနှင့် ကစားနေစဉ် ၁၁ ကီလိုဗိုဒ် ရှိသည့်ဓာတ်ကြိုးကို မတော်တဆကိုင်မိပြီး ဓာတ်လိုက်မှုကြောင့် ညာဘက်လက်တစ်ချောင်းလုံး ဆုံးရှုးခဲ့ရသူ ဖြစ်သည်။

ထို့နောက် မိသားစုအတွင်းမှ အသက် ၉ နှစ်ရှိ ဦးနှောက်သေနေသည့် ကလေးငယ်တစ်ဦးက ၎င်း၏ညာဘက်လက်ကို လှူဒါန်းလာသောကြောင့် ယခုလို ညာလက်လက်တစ်ချောင်းလုံးကို အစားထိုးလိုက်နိုင်ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး လက်အစားထိုးကုသမှု ခံယူထားသူမှာ အမေရိကန်နိုင်ငံမှ အသက် ၁၀ နှစ်ရှိသူ ဖြစ်သည်။ ၎င်းသည် တံတောင်ဆစ်အောက်မှသာ လက်အစားထိုးနိုင်ခဲ့ခြင် ဖြစ်သည်။

သို့သော် အာနမ်တာ အာမတ် သည် ခွဲစိတ်ကုသမှုကို အောင်မြင်စွာခံယူလိုက်နိုင်ခြင်းကြောင့် ပခုံးအရင်းမှနေ၍ လက်တစ်ချောင်းလုံးကို အစားထိုးနိုင်သည့် ကမ္ဘာ့ပထမဆုံးလူငယ်ဖြစ်လာခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN