ရုရှားတပ်ဖွဲ့က မာကိကာဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့


(နိုင်ငံတကာ) စက်တင်ဘာ ၃၀

ရုရှားတပ်ဖွဲ့များသည် ဒွန်းဘတ်ဒေသရှိ မာကိကာဒေသကို ပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါဒေသသည် ရုရှားပြည်ထောင်စုအတွင်းရှိ လူးဟန့်ပြည်သူ့သမ္မတနိုင်ငံမှ ဒေသတစ်ခုဖြစ်ပြီး အနောက်အုပ်စုမှ တပ်ဖွဲ့တစ်ဖွဲ့၏သိမ်းပိုက်ခြင်းကို ခံထားရသည့် နေရာဖြစ်သည်။

ယင်းဒေသအပြင် အခြားဒေသများတွင် ရုရှားက လုပ်ဆောင်သော ချေမှုန်းသည့် စစ်ဆင်ရေး၌ ယူကရိန်းတပ်ဖွဲ့ဝင် ၄၅၀ ဦးကို ၂၄ နာရီအတွင်း ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရုရှားတပ်ဖွဲ့များသည် ယင်းဒေသများအတွင်းရှိ ပိုလန်နိုင်ငံထုတ် Krab အမြောက်၊ အမေရိကန်နိုင်ငံ ထုတ် M198 ဟောင်ဝစ်ဇာနှင့် ဗြိတိန်နိုင်ငံထုတ် FH-70 ဟောင်ဝစ်ဇာတိုအပါအဝင် စစ်လက်နက်ပစ္စည်း အများ အပြားကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ပြီးခဲ့သည့်လများကတည်းက ရုရှားတပ်ဖွဲ့ဝင်များသည် ဒွန်းဘတ်ဒေသတစ်လွှားရှိ နယ်မြေများကို တဖြည်းဖြည်းချင်းနင်းဝင်ရောက်လာကာ နေရာအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။

ယခုအခါ ယူကရိန်းတပ်ဖွဲများက ရှေ့ဆက်မတိုး နိုင်သည့် အခြေအနေဖြစ်ပေါ်နေစဉ် ရုရှားတပ်ဖွဲများက ယူကရိန်းတို၏ အဓိကထောက်ပံ့ရေး အချက်အချာဖြစ်သည့် ပေါ့ရော့မြို့အနီးသို ရောက်ရှိနေပြီဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN