ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သွားလာပြေးဆွဲနေသော စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်ဖက်သင်္ဘောများကို နှောင့်ယှက်ပစ်ခတ်တိုက် ခိုက် နေသည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ချေမှုန်း

(ပြည်တွင်း) စက်တင်ဘာ ၃၀

ဧရာဝတီမြစ်ကြောင်းအတွင်း ခရီးသွားပြည် သူလူထုမှ ခရီးသွားလာခြင်းနှင့် ကုန်စည်ပို့ဆောင်ခြင်းများ ဆောင်ရွက်နေသည့် သင်္ဘောများကို  PDF အမည်ခံ အကြမ်းဖက်သမားများက ကုန်စည်စီးဆင်းမှု ပြတ်တောက်စေရန်နှင့် ၎င်းတို့အတွက် ငွေကြေးမလုံ လောက်မှုများ ဖြစ်ပေါ်လာသည့်အတွက် ဆက်ကြေးတောင်းခြင်း၊ ဆက် ကြေးမပေးနိုင်သည့် သင်္ဘောများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

     ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများ ၏ လူမဆန်သည့်လုပ်ရပ်များအား လက်မခံနိုင်တော့သည့် ဒေသခံပြည်သူများက မတ္တရာမြို့နယ်အတွင်း ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် PDF အမည်ခံအကြမ်းဖက် သမားများ ခိုအောင်းနေထိုင်ကြောင်းနှင့် ၎င်းတို့ လှုပ်ရှားသွားလာနေမှုများအား တပ်မတော် စစ်ကြောင်းများသို့ လျှို့ဝှက်စွာဆက်သွယ်သတင်းပေးပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင် ရေးကို စက်တင်ဘာလ ၂၀ ရက်မှ စတင်၍ ဆောင် ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက် ချေမှုန်းမှုများကြောင့် ၎င်းကျေးရွာများမှ အကြမ်းဖက် သမား များသည် စက်လှေများဖြင့် ဆုတ်ခွာ ထွက်ပြေးသွားသည်။

      လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများ နောက်သို့ ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းရာ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ အကြမ်းဖက်သမားများ နေထိုင်အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများကို တွေ့ရှိရပြီး လူနေအိမ်များကို အကာအကွယ်ရယူ၍ တည် ဆောက်ထားသော သဲအိတ်ဘန်ကာများ၊ ဆက်သွယ်ရေး မြောင်းများ၊ ပစ်ကျင်းများကို သိမ်း ဆည်းရရှိခဲ့သည်။

     ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကုန်းတန်းလေးကျေးရွာ၊ ကုန်းတန်း ကြီးကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကြိမ်တောကျေးရွာ၊ ဘုရားမကုန်းကျေးရွာ၊ ဆူးလေ ကုန်းကျေးရွာ၊ ရွှေဘောင်ကျေးရွာ၊ သဖန်းဒေါင့်ကျေးရွာ၊ ငယ်တိုးကျေးရွာနှင့် သနပ်ကုန်းကျေးရွာများတွင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်ခဲ့ရာ ကျေးရွာများတွင် PDF အမည်ခံအကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ်မိုင်းများကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်ခြံစည်းရိုးများ၌ အုတ်များ၊ သံပေပါများဖြင့် ပြုလုပ်ထား သည့် ဘန်ကာများ၊ ဆက်သွယ်ရေးတူးမြောင်းများနှင့် ပစ်ကျင်းများကို သိမ်းဆည်းရ မိခဲ့သည်။

      PDF အမည်ခံအကြမ်းဖက်သမားများသည် ဧရာ ဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ခိုအောင်းလှုပ်ရှားနေပြီး လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက် အဦများကို အကာ အကွယ်ယူ၍ ပြည်သူလူထုအသုံးပြုနေသော စစ်ရေးနှင့် မသက်ဆိုင်သည့် ခရီးသွားသင်္ဘောများ၊ ကုန်စည်ပို့ဆောင်ရေး သင်္ဘောများ ကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့ရာ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စုစုပေါင်း ၁၄၆ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

      ဧရာဝတီမြစ်ကြောင်းအတွင်း ပြည်သူများ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရန်နှင့် ကုန်စည်များသယ်ယူပို့ဆောင်နိုင်ရန်အတွက် ဒေသတွင်းကုန်စည်စီးဆင်းမှုကို နှောင့် ယှက်တိုက်ခိုက်နေပြီး ခရီးသွားပြည်သူ များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် နေသည့် PDF အမည်ခံအကြမ်း ဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နည်းလမ်းမျိုးစုံဖြင့် စုံစမ်းဖော် ထုတ်၍ လိုအပ်သည့် တိုက်ခိုက်ချေမှုန်းရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု အနေဖြင့်လည်း အကြမ်းဖက် သမားကင်းစင်ပြီး အေး ချမ်းတည်ငြိမ်စွာ နေထိုင်သွားလာနိုင်ရန် အတွက် အကြမ်းဖက် သမားများ၏ လှုပ်ရှားသွားလာ၊ ခိုအောင်းနေထိုင်လျက်ရှိ ကြောင်းသိရှိရပါက လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာ ဆက်သွယ်သတင်း ပေးပို့နိုင်ပါကြောင်း သတင်း ရရှိသည်။

#PAN