“ဂိုးများသွင်းယူပြီး မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ ကိုးလ်ပါလ်မာ”

 (အားကစား)စက်တင်ဘာ ၂၉

ပရီးမီးယားလိဂ်ပွဲစဥ်(၆) ချယ်လ်ဆီးအသင်းက ဘရိုက်တန်အသင်းကို ၄ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဥ်တွင် ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုး ၄ ဂိုးစလုံးကို အင်္ဂလန်ကွင်းလယ်လူ ကိုးလ်ပါလ်မာ က သွင်းယူ ပေးခဲ့ပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲချိန်ပထမပိုင်းအတွင်း သွင်းဂိုး ၄ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်း၀င်ခဲ့ကြောင်းသိရပါတယ်။
ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ အခြားအင်္ဂလန်တောင်ပံကစားသမားဖြစ်သူ ဆန်ချို ကလည်း ချဲယ်ဆီး အသင်းအတွက် ကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီး ဖာဘရီဂတ်စ်၊ ဟာဇက် တို့ရဲ့နောက်ပိုင်းမှာ အခုလိုစွမ်းဆောင်နိုင်တဲ့ တတိယမြောက် ချဲယ်လ်ဆီးအစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

#PAN