ဇော်ဂျီမြစ်ရေနှင့် ပန်းလောင်မြစ်‌ရေ မြင့်တက်မှုကြောင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၀ ရေဝင်ရောက်လျက်ရှိ


(ပြည်တွင်း)စက်တင်ဘာ ၂၈

ဇော်ဂျီမြစ်ရေနှင့် ပန်းလောင်မြစ်‌ရေ မြင့်တက်မှုကြောင့် ယနေ့တွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အောက်ဖော်ပြပါကျေးရွာများအတွင် ၁ ပေခန့်အောက် ရေဝင်ရောက်လျက်ရှိပြီး လူနှင့် တိရစ္ဆာန်များ ရွှေ့ပြောင်းမှု မရှိသေးကြောင်း သိရှိရသည်။

ရေစတင်ဝင်ရောက်လျက်ရှိသည့် ကျေးရွာမျာမှာ (၁)ပဲခင်းကျေးရွာအုပ်စု (၂)ဆူးလေကုန်း‌ကျေးရွာအုပ်စု၊ (၃)လက်ပန်ကျေးရွာအုပ်စု၊ (၄)ပင်းတလည်ကျေးရွာအုပ်စု၊ (၅)ပတ္တာကျေးရွာအုပ်စု၊ (၆)သမန္တလင်းကျေးရွာ အုပ်စု၊ (၇)မြေစိုးမိုးကျေးရွာအုပ်စု၊ (၈)တောင်နောက်ကျေးရွာအုပ်စု၊ (၉)စပယ်တောကျေးရွာအုပ်စု၊ (၁၀)ရွှေအင်းကျေးရွာအုပ်စု၊ (၁၁)မြေစိုပါယ်ကျေးရွာအုပ်စု၊ (၁၂)ပန်းခွာကျေးရွာအုပ်စု၊ (၁၃)ပနန်ကျေးရွာအုပ်စု
၊(၁၄)ရှားပင်ကျေးရွာအုပ်စု၊ (၁၅)ပေတောကြီးကျေးရွာအုပ်စု၊ (၁၆)အနောက်သာဂရကျေးရွာအုပ်စု ၊(၁၇)သင်ပျိုကျေးရွာအုပ်စု၊ (၁၈)ညောင်၀န်းကျေးရွာအုပ်စု၊ (၁၉)ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ (၂၀)ကျီးပြကျေးရွာ အုပ်စုတို့ ဖြစ်သည်။

ဇော်ဂျီမြစ်ရေ ဝင်ရောက်သည့် ကျေးရွာအုပ်စု ၈ အုပ်စုဖြစ်ပြီး ပန်းလောင်မြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် အုပ်စု ၁၂ အုပ်စုဖြစ်ကြောင်း သိရသည်။

ပန်းလောင်မြစ်ရေ မြင့်တက်ရခြင်းမှာ ​စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြစ်သားမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြစ်ရေမြင့်တက်ခြင်းဖြစ်ပြီး မြစ်ရေအမြင့်ဆုံးဝင်ရောက်သည့် ကျေးရွာအုပ်စုတွင် ၉ လက္မခန့်သာ ဝင်ရောက်ခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်းတွင် ပြန်လည်ကျဆင်းမည်ဟု ခန့်မှန်းကြောင်း ဆည်မြောင်းဦးစီးဌာနထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့က ဇော်ဂျီမြစ်ရေလျှံတာကြောင့် သီးနှံစိုက်ခင်း ၁၈,၆၉၃ ဧက ရေဝင်နစ်မြုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN