အကြမ်းဖက်သမား၏ ပစ်ခတ်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်ရာအိမ်မှူး သေဆုံး

(ပြည်တွင်း) စက်တင်ဘာ ၂၀

       ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊အမှတ် ၁၀၇ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့ဝင်များကို ယနေ့နံနက်၉နာရီ၂၀မိနစ်အချိန်ခန့်က အကြမ်း ဖက်သမား PDF များက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ရာအိမ်မှုးတို့မှာ နေရာ၌ သေဆုံးခဲ့သည်ဟု သိရပါသည်။

      ဖြစ်စဥ်မှာ အမှတ်၁၀၇ရပ်ကွက် ၊ ငုဝါမြိုင်လမ်း​မပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ ရပ်ကွက်လုပ်ငန်းများဆွေးနွေးနေကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှုး နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို အကြမ်းဖက်သမား ၂ ဦးက ရုံးအတွင်းသို့ဝင်ရောက်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။

      အဆိုပါ ပစ်ခတ်ခဲ့မှုကြောင့် အုပ်ချုပ်ရေးမှုး ဦးကြည်ထွန်း ၊အသက် ၆၇နှစ် နှင့် ရာအိမ်မှုး ဦးဆွေမြင့်အောင်၊ အသက် ၆၀နှစ်တို့ နေရာတွင် သေဆုံးခဲ့ပြီး ရပ်ကွက်ရုံးစာရေး မျိုးမြင့်ထွန်း (ခ)သားကြီး မှာ ကျည်ထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

#PAN