ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံမည့်အစီအစဉ်နှင့်ပတ်သက်သည့် အသိပေးကြေညာချက်ထုတ်ပြန်ထား


(ပြည်တွင်း) စက်တင်ဘာ ၁၉

မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအား နည်းရပ်ဝန်းတို့၏အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန်အတွက် လှူဒါန်းငွေများကို ၂၁-၉-၂၀၂၄ ရက် (စနေနေ့) မွန်းလွဲ(၂)နာရီတွင် အလှူငွေပေးအပ်ပွဲ အခမ်းအနားများဖြင့် လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် လှူဒါန်းမှုများကို နေပြည်တော်၊ မြို့တော်ခန်းမတွင်အခမ်းအနားဖြင့် လက်ခံမည်ဖြစ်ပြီး ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လှူဒါန်းမှုများကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အခမ်းအနားဖြင့် လက်ခံမည်ဖြစ်ကြောင်း အသိပေးကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီက ကြေညာထားသည်။

လှူဒါန်းလိုသူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်စာရင်းပေးသွင်း လှူဒါန်းနိုင်ပါကြောင်း သိရသည်။

(၁) ဒေါ်လဲ့လဲ့အေး၊ ညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၀၂၁၄၉၁

(၂) ဦးဝင်းရွှေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၅၄၁၇၀၀၁

(၃) ဒေါ်စုစုထွန်း၊ ညွှန်ကြားရေးမှူး၊ ဖုန်းနံပါတ် ၀၉-၄၃၀၀၉၂၉၁

Telegram»…
https://t.me/positiveanglenews

PAN