ပေါင်းလောင်းမြစ်အတွင်း မိုးသည်းထန်စွာ ရွာသွင်းမှုကြောင့် ​လူကူးတံတား ပျက်ဆီး


(ပြည်တွင်း) စက်တင်ဘာ ၁၁

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မိုးများအဆက်အပြတ်ရွာသွန်းမှုကြောင့် ပေါင်းလောင်းမြစ်ရေများ မြင့်တက်လာပြီး ရေစီးသန်မှုကြောင့် ကျည်တောင်နှင့် သာယာဝှမ်း ပေါင်းလောင်း မြစ်ကူး(သစ်သား)တံတားသည် ပေ ၁၀၀ ခန့် ကျိုးပဲ့ခဲ့ပြီး မြစ်ရေနှင့်အတူ မျောပါသွားကြောင်း သိရသည်။

အဆိုပါ ပေါင်းလောင်း မြစ်ကူးတံတား မျောပါသွားသဖြင့် အများပြည်သူများ သွားလာမှုအား ကားကူးတံတားမှ ဖြတ်သန်းသွားလာရန်နှင့် လူကူးတံတားအား ပိတ်ဆို့ တားမြစ်ထားကြောင်း၊ ၎င်းအပြင် စည်ပင်ကြီးကျေးရွာ နှင့် ချောင်းကမ်းကြီးကျေးရွာများလည်း ရေနစ်မြုပ်လျက်ရှိကြောင်း၊ ပေါင်းလောင်းတံမံ​ ရေပိုလွှဲမှလည်း ရေများပုံမှန်အတိုင်း ကျော်ကျစီးဆင်းလျက်ရှိကြောင်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

ဇေယျာရွှေပြည်

Telegram»…
https://t.me/positiveanglenews

PAN