ဒေသတွင်း ပဋိပက္ခများကြောင့် ပြည်တွင်းခရီး သွားလုပ်ငန်းတွေကို ထိခိုက်လာနိုင်

(ပြည်တွင်း) စက်တင်ဘာ ၁၀

     မကြာခင်မှာ မိုးရာသီကုန်ဆုံး၍ ပွင့်လင်းရာသီသို့ ရောက်ရှိတော့မှာဖြစ်ပေမယ့် ဒေသတွင်းပဋိပက္ခများကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်း ထိခိုက်နိုင်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်များကနေ သိရပါတယ်။

      ပြည်တွင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့မှာ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေတဲ့အတွက် ပြည်ပခရီး သွား ဧည့်သည်များအတွက် စိတ်မလုံခြုံမှုကို ဖြစ်ပေါ်စေပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားဝင်ရောက်မှုက အိမ်နီးချင်းနိုင်ငံများထက် ၁၀ ဆခန့် လျော့နည်းနေကြောင်း သိရပါတယ်။

      ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ပြည်ပခရီး သွားဧည့်သည် ၁ ဒသမ ၂၈ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဝင်ရောက်ခဲ့တဲ့ ပြည်ပခရီးသွားဧည့်သည်အရေအတွက်မှာ ၂ သိန်း ၃သောင်းကျော်ရှိခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကပ် ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း လုံးဝရပ်တန့်ခဲ့ရပြီး၊ တစ်ကျော့ပြန်ဦးမော့နိုင်ရန် ခရီးသွားလုပ်ငန်းရှင်များအနေနဲ့ ပြန်လည်ကြိုးပမ်းနေချိန်တွင် နိုင်ငံတွင်းပဋိပက္ခများကြောင့် ခရီးသွားလာခွင့် ယခင်လို ပုံမှန်ပြန်လည်ပတ်နိုင်ရန် ခက်ခဲနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

      ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအနေနဲ့ လာမယ့်ပွင့်လင်းရာသီအတွက် ပြည်တွင်းခရီးသွားတွေကိုသာ အဓိကအားထားရမယ့် အခြေအနေသာရှိတယ်လို့  သိရပါတယ်။

#PAN