ကံကြီးကုန်းတိုက်ပွဲ

(ပြည်တါင်း) ဩဂုတ် ၃၀

ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်မှ စတင်ပြီး ‌စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းကျေးရွာရှိ ပြည်သူ့စစ်ပူးပေါင်းအထိုင်းအဖွဲ့ကို အကြမ်းဖက် PDF အင်အား ၃၀၀၀ ခန့်ဖြင့် စခန်းသိမ်းတိုက်ပွဲကို ၅ ရက်သတ်မှတ်ပြီးစစ်ရေးဖော်ဆောင်ခဲ့ကြောင်း သိရပါသည်။

ကံကြီးကုန်းရွာရှိ ပြည်သူစစ်လုံခြုံရေးအဖွဲ့ကို သိမ်ပိုက်ရန် KIA အဖွဲ့မှ ဦးဆောင်းပြီးဒေသအစုံဖြစ်သော မုံရွာPDF အဖွဲ့၊ ချောင်းဦးPDF အဖွဲ့၊ ရေစကြိုPDF အဖွဲ့၊ ဆားလင်းကြီးPDFအဖွဲ့၊ ယင်းမာပင် PDF အဖွဲ့၊ ကနီ PDF အဖွဲ့ ၊ ပုလဲ PDF အဖွဲ့၊ပခုက္ကူPDF၊မြောင် PDF အဖွဲ့၊စစ်ကိုင်းPDFအဖွဲ့၊ မြင်းမူPDF အဖွဲ့ စသည့်ဒေသများမှ အကြမ်းဖက် PDF အင်အား ၃၀၀၀ ခန့် အသုံးပြုကာ စစ်ရေးပုံဖော်ခဲ့ကြပြီး အကြမ်းဖက်PDFအဖွဲ့က လူအင်အား ၃၀၀၀ ကို အလှည့်ကျစီမံခန့်ခွဲပြီး ကံကြီးကုန်းကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ကို ထိုးစစ်ဆင်ခဲ့ကြကြောင်း သိရပါသည်။

ပထမရက်တွင် အကြမ်းဖက်PDFအဖွဲ့မှ ဒရုန်း ၄ စီးဖြင့် ဒရုန်းစစ်ဆင်ရေးကိုအသုံးပြုကာ လက်နက်ကြီးပစ်အားအသုံးပြုပြီး ရွာအတွင်းသို့ ဝင်ရောက်လာရာ ထိုးစစ်ဆင်လာခဲ့ကြကြောင်း ၊ဒိုဇာများပါ ပါလာပြီး ကျေးရွာအဆောက်ဦးများကို ရသလို ဖျက်ဆီးခဲ့ကြကြောင်း၊ ပြည်သူစစ်ဖွဲ့ရိက္ခာအဆောင်ကိုစီးနင်းကာ ရိက္ခာပစ္စည်းများ ယူဆောင်ခြင်း ၊ဖျက်ဆီးခြင်းများ၊ကျွဲ၊နွားများကို ယူဆောင်ခြင်းများ လုပ်ဆောင်ကာ ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့အကြမ်းဖက်အဖွဲ့မှ ထိုးစစ်ဆင်လာမှုကို ငါမသေ ငါ့စခန်းမကျစေရဟူသောဇွဲသတ္တိကိုဆုပ်ကိုင်ကာ နောက်ဆုံးအချိန်ထိ ဒုတ် ၊ဓားများကိုင်ဆောင်ပြီးအသင့်ပြင်လာနေချိန်မှာ လေကြောင်းပစ်ကူနှင့်စစ်ကူများရောက်ရှိရှင်းလင်းရာ အကြမ်းဖက်PDFအဖွဲ့များ ၈၀၀ ဦးခန့် သေဆုံးကြောင်းသိရသလို ၂ ဦးကို အရှင်ဖမ်းမိထားကြောင်း သိရပြီး အသေပျောက်များစွာဖြင့် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါသည်။

#PAN