ပြည်မြို့တွင် တရားမဝင်လောင်းကစား ဂိမ်းစင်တာတစ်ခု ဖမ်းစီး


(မှုခင်း) ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲနယ်မြေ၊ ရွှေတစ်ချောင်းလမ်းနှင့် ပြည်ရတနာလမ်းထောင့်ရှိ လောင်းကစားရုံအား သြဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က Lucky 7 ဂိမ်းစင်တာအား ခရိုင်ရဲတပ်ဖွဲမှူးဦးစီး၍ သက်သေခံပစ္စည်းများနှင့် အတူဖမ်းစီးရမိခဲ့ကြောင်း သိရှိရသည်။

Lucky 7 ဂိမ်းစင်တာအမည်ဖြင့် တရားမဝင်ဂိမ်းဆိုင်ဖွင့်လှစ်တည်ထောင်ကာ တရားမဝင်လောင်းကစားနေကြောင်း သတင်းအရဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ဂိမ်းဆိုင်အား ဦးစီးဖွင့်လှစ်ကာ ဒိုင်အဖြစ်လုပ်ကိုင်သူ ဦးနိုင်လင်းဌေး နှင့် အောင်နှင်းစိုး(ခ)ဖိုးသားကြီးတို့အား သက်သေခံပစ္စည်း၊ လောင်းကြေးငွေများနှင့်အတူ ဆိုင်ဝန်ထမ်း အမျိုးသား ၃ ဦး၊ အမျိုးသမီး ဝန်ထမ်း ၈ ဦးနှင့် ဂိမ်းဆိုင်အတွင်လောင်းကစားပြုလုပ်နေကြသူ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၇ ဦးတို့အား တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

တရားမဝင် ဂိမ်းဆိုင်ဖွင့်လှစ်ကာ ဂိမ်းလောင်းကစားဒိုင်ပြုလုပ်သူ နိုင်လင်းဌေးနှင့် အောင်နှင်းစိုး(ခ)ဖိုးသားကြီးတို့ ၂ ဦးနှင့် လောင်းကစားပြုလုပ်နေသူနှင့် လောင်းကစားရန်ရောက်ရှနေသူ ၃၉ ဦးအား လောင်းကစား ဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ