ဂျပန်ဖိုက်တာ နိုကီယူဒါနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် တီရယ်ထန်

ဩဂုတ် ၁၅

ဂျပန်နိုင်ငံ၏ ပရိုမိုးရှင်းပွဲတစ်ခုဖြစ်သည့် TTF Challenge 10 ပြိုင်ပွဲတွင် MMA ပွဲပေါင်း (၂၀)ထိုးသတ်ထားသည့် ဂျပန်ဖိုက်တာ နိုကီယူဒါနှင့် ချင်းတိုင်းရင်းသား ဖိုက်တာ တီရယ်ထန်တို့ ဩဂုတ်(၁၆)ရက် ညနေပိုင်းအချိန်တွင် ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ ပွဲစဉ်တွင် ပြိုင်ဘက်နှစ်ဦးက (၆၄)Kg ဝိတ်တန်းအတွင်း (၅)မိနစ်ထိုး သုံးချီ စနစ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပါတယ်။
တီရယ်ထန်နှင့် ယှဉ်ပြိုင်မည့် ပြိုင်ဘက် ဂျပန်ဖိုက်တာ နိုကီယူဒါမှာ အသက်က (၂၇) နှစ်ရှိပြီး၊ MMA ပွဲပေါင်း (၂၀) ထိုးသတ်ထားသည့်အနက် (၁၁) ပွဲနိုင် ၊ (၇)ပွဲရှုံး ၊ (၂) ပွဲသရေ ရလဒ်ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။
တီရယ်ထန်မှာ ONE ၏ ပွဲဦးထွက်ပွဲစဉ်များတွင် အနိုင်ဆက်တိုက်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ရှုံးပွဲများ ဆက်တိုက် ဖြစ်လာခြင်းကြောင့် ONE ၏ လမ်းခွဲခြင်းကို ခံထားရသူတစ်ဦးဖြစ်ပါတယ်။