မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးလျှောက်ထားသူများအတွက် ထုတ်ယူခွင့်ရသည့်စာရင်းကို ထိုင်းနိုင်ငံဆိုင်ရာ သံရုံးကြေညာ


(နိုင်ငံတကာ) ဩဂုတ် ၂

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးလျှောက်ထားသူများအတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ထုတ်ယူခွင့်ရသည့် စာရင်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်သည့်စာရင်းများအရ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ထုတ်ယူခွင့်ရသည့် လူဦးရေမှာ ၆၃ ဦးဖြစ်ကြောင်း အသိပေးကြေညာ ထားတာ ဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)၊ နိုင်ငံကူးလက်မှတ်ပထမ စာမျက်နှာ(မိတ္တူ)၊ ပျောက်ဆုံးကြောင်း သံရုံးမှ ထောက်ခံထားသည့် စာ(မိတ္တူ)၊ ဘတ်ငွေ ၄,၉၀၀/- ဘဏ်သို ပေးသွင်းထားသော ချလန်နှင့်အတူ လူကိုယ်တိုင်လာရောက်ကာ ထုတ်ယူရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးလျှောက်ထားသူများအတွက် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့မှ ထုတ်ယူခွင့်ရသည့်စာရင်းကို ၂ဝ၂၄ ခုနှစ်၊ မေလတွင် ၁ဝ ဦးနှင့် ဖေဖော်ဝါရီလတွင် ၁၃ ဦးတို့၏ စာရင်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ထုတ်ပြန်ထားကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ