ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်ကမြန်မာလုပ်သား ၁,၃၀၀ ကျော် ခေါ်ယူမည်


(ပြည်တွင်း) ဩဂုတ် ၂

ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာလုပ်သား ၁၃၀၀ ကျော် ခေါ်ယူသွားမယ်လို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံမှ ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

မြန်မာသံရုံးအနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိတဲ့ ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်အထိ လက်ခံရရှိပြီး စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနသို ပေးပိုပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄၁၅ ခုနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ထားပါတယ်။

အဆိုပါ အချက်အလက်များအရ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာလုပ်သားအမျိုးသား ၄၆၀ ကျော်နှင့် အမျိုးသမီး ၈၇၀ ခေါ်ယူသွားမယ်လို သိရပါတယ်။

မြန်မာသံရုံးအနေဖြင့် အလုပ်သများဝန်ကြီးဌာနက နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့်ပေးပိုလာတဲ့ အလုပ်ကမ်းလမ်းစာ(Demand Letter)များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို ပြန်လည်ပေးပိုလျက်ရှိ ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ